မန္တလေးဆေးရုံကြီးတွင် ဆရာတော်ဘုရားကြီး အနားယူနေစဥ် မြင်ကွင်း

MT News

Written by Peya

သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အနားယူကုသမှုဆက်လက်ခံယူနေရာမှ ကျန်းမာပကတိရှိစွာဖြင့် ကျောင်းတိုက်သို့ ဧပြီလ ၃၀ ရက်က ပြန်လည်သီတင်းသုံးနေပြီဖြစ်ကြောင်း သိရှိရပြီး ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ကောလာဟလထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များထံက သိရသည်။

ဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ကျောင်းတိုက်၌ သီတင်းသုံးခဲ့ကာ မန္တလေးပြည်သူဆေးရုံကြီး သီးသန့်ခန်းတွင် အနားယူနေခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၃၀ ရက် ညနေပိုင်း ၅ နာရီအချိန်တွင် ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်သီတင်းသုံးကာ တာဝန်ရှိသူ အသီးသီးနှင့် တပည့်ရဟန်းသံဃာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ ပင့်ဆောင် ပြုစုခဲ့ကြကြောင်း သိရသည်။

မန္တလေးဆေးရုံကြီးတွင် အနားယူနေခဲ့သော ဗန်းမော်ဆရာတော်ဘုရားကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၂၉ ရက်တွင် သွားရောက်ဖူးမြော်ခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ကျန်းမာပကတိရှိနေပုံကိုလည်း MT News သတင်းဌာနက ဧပြီလ ၃၀ ရက် နံနက်တွင် ဖော်ပြထားပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *