MT News

Written By Thandar

အနုပညာသမားတိုင်းက အနုပညာနဲ့ ပြည်သူ့ကို အလုပ်အကျွေးပြုချင်တာလို့ လက်ရှိအချိန်မှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့ သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းက ဆိုပါတယ်။

“အခုနောက်ပိုင်း မြို့နေတဲ့သူတွေက စိတ်မွန်းကြပ်လာရင် လုပ်စရာများများစားစား မရှိပါဘူး။ တချို့ သူငယ်ချင်းတွေ စိတ်ညစ်လာရင် အဆင်မပြေတာတွေဖြစ်ရင် မွန်းကြပ်တော့ ပိုပြီးသောက်ဖြစ်စားဖြစ်လာတယ်ပေါ့။ ရုပ်ရှင်ရုံတွေလည်း ဒီလိုပဲ ပျော်ဖို့ပါးဖို့ထက်စာရင် အရမ်းစိတ်မွန်းကြပ်လာရင် ရံဖန်ရံခါသွားပြီးတော့ ကြည့်ချင်သူတွေ ကြည့်ကြမယ်။ မကြည့်ချင်လည်းရတယ်။ ရွေးချယ်စရာ တစ်ခုပိုလာတယ်ပေါ့။ အနုပညာသမားတွေကလည်း ဒီလိုပဲ။ ဒါကိုလုပ်နေရမှစိတ်ထဲမှာ နေသာထိုင်သာရှိတာကိုး။ အနုပညာသမားတိုင်းက ဒါပဲလုပ်တတ်တာကိုး။ ဘောလုံးသမားကလည်း ဘောလုံးကန်နေရမှလေ။ အနုပညာသမားတိုင်းကလည်း အနုပညာနဲ့ ပြည်သူကို အလုပ်အကျွေးပြုချင်တာပေါ့ ”လို့ သူကဆက်ပြောပါတယ်။

သူဟာ အနုပညာလှုပ်ရှားမှုတစ်ခုအနေနဲ့ ကံသာ ထုတ်လုပ်ရေးနဲ့ အလင်းဖျော့ April ဇာတ်လမ်းတွဲ ၊ ဒါရိုက်တာ သိုးဆောင်းရဲ့ ခေါင်းရမ်းပန်းတို့ပွင့်နေပြီ ဇာတ်လမ်းတွဲအပြင် Office Diary Program ရိုက်ကူး တင်ဆက်နေလျှက်ရှိပါတယ်။

“ဒါရိုက်တာ ဆရာသိုးဆောင်းရဲ့ ဝတ္ထုကို ပြန်ရိုက်မှာပါ။ လူသတ်ကား၊ သည်းထိပ်ရင်ဖို ဇာတ်လမ်းလေး ရိုက်ဖို့ရှိပါတယ်။ ဘယ်ကားပဲ ရိုက်ရိုက် ကာရိုက်တာပီပြင်အောင် လေ့လာရတာလည်း ပြီးသွားတယ်လို့ မရှိပါဘူး။ အမြဲတမ်းလည်း လေ့လာနေရပါတယ်။ ကျွန်တော့်အနေနဲ့ ဆရာဝန်လို ဇာတ်ရုပ်မျိုးတွေ မရိုက်ချင်တော့ပါဘူး။ ဆရာဝန်လို ခပ်အေး ခပ်ရှင်းရှင်း ကာရိုက်တာတွေ ရိုက်ရတာများတယ်။ နည်းနည်း ဗီလိန်ဆန်တဲ့ ခပ်ရှုပ်ရှုပ် ခပ်ဆိုးဆိုး ကာရိုက်တာတွေ ရိုက်ချင်ပါသေးတယ်“လို့ သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *