၁၂. ၁၀. ၂၀၂၂

Written by Nay Moe

မီတာ ၄၀၀၀ ကျော် ပစ်ခတ်နိုင်သည့် တာဝေးပစ်လက်နက်ကြီးအား NUG အကူအညီမပါဘဲ တီထွင်အောင်မြင်ဟု Eagle People Defences က ကြေညာထားသည်။

”NUG/ မြို့နယ်ပကဖ အကူအညီလုံးဝမယူဘဲ 𝐋𝐨𝐜𝐚𝐥 𝐃𝐞𝐟𝐞𝐧𝐜𝐞𝐬 အဖွဲ့ Eagle People Defences အဖွဲ့က ထုတ်လုပ်လိုက်တဲ့ တာဝေးပစ် Meters 4000 ကျော် အထိရောက်သော လက်နက်ကြီးအား စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်” ဟု EPD က ဆိုသည်။

စစ်ကိုင်းတိုင်းအခြေစိုက် EPD အဖွဲ့အနေဖြင့် မီတာ ၄၀၀၀ ကျော် ပစ်ခတ်နိုင်သည့် အဆိုပါ ၆၀ မမ လက်နက်ကြီးထုတ်လုပ်စဥ် အခက်အခဲများစွာ ကြုံခဲ့ရကြောင်းနှင့် လက်နက်ကြီးများ ဆက်လက်ထုတ်လုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *