၁၂. ၁၀. ၂၀၂၂

Written by Tha Doe

Facebook ပေါ်ရှိ နာမည်ကြီးဆယ်လီများ၏ Followers များ၏ လူစာရင်းများ ရုတ်ချည်းလျော့ကျသွားပြီး Mark Zukerberg ကိုယ်တိုင်ပင် Followers ၉၉၂၆ သာ ကျန်ရှိတော့ကြောင်း သိရသည်။

“FaceBook ကုမ္မဏီ Hack ခံရတာလား။ Error ဖြစ်တာလား တမင်ပဲလုပ်လိုက်တာလား မပြောတတ်ပါဘူး။ အခုလက်ရှိ တစ်ကမ္ဘာလုံး ရုပ်ရှင် မင်းသား မင်းသမီး Cele အကုန် အပါအဝင် Followed Million ကျော်ရှိတဲ့ သူတွေရဲ့ Acc တွေရော အကုန် Followed 9K ဘဲ ကျန်ပါတော့တယ်။ Facebook Hack ခံရတာလားမပြောတတ်ပါဘူး။ Mark Zuckerberg ကိုယ်တိုင်လဲ Followed 9K ဘဲ ကျန်ပါတော့တယ်။

ကျွန်တော့်အကောင့်လည်း Follower 93000 ကျော်ကနေ 900 ကျော်ပဲရှိတော့တယ်” ဟု ဇာတ်မင်းသားစွမ်းညီညီက ရေးသားထားသည်။

ထိုသို့ Followers များ ရုတ်ချည်းလျော့ကျမှုမှာ လူပုဂ္ဂိုလ်အချို့သာ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး Page များဖြစ်ပွားမှုမရှိသည်ကို တွေ့ရကာ မြန်မာနိုင်ငံတွင်မူ အောက်တိုဘာ ၁၁ ရက်နေ့လည်ကတည်းက Followers များ ရုတ်ချည်းလျော့ကျမှုဖြစ်ပွားနေသည်။ သို့သော် Page များသို့ ဝင်ရောက်ကြည့်ရှုသော်လည်း ကြည့်ရှုမရခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

သို့သော် Followers ၉၉၉၀ ကျော်သာ ကျန်ရှိတော့သည့် အကောင့်များအား Followed အား နှိပ်ကြည့်ပါက ယခင် Followers စာရင်းအတိုင်းပင် ဆက်လက်ရှိနေဆဲဖြစ်ပြီး Mark Zukerberg ၏ ၉၉၂၆ Followers အား ဆက်လက်နှိပ်ကြည့်ပါက ၁၁၉၀၉၀၆၉၇ ဟူသော Followers အမှန်စာရင်းထွက်ပေါ်လာသည်ကို တွေ့ရသည်။

“Facebook က ဘာ Error တက်လဲတော့မသိဘူး။ 167 k Followers ရှိရာကနေ ခုမနက် 9 k ကျော်ပဲရှိတော့တယ်။ ကိုယ်တယောက်တည်းတော့မဟုတ်ဘူး။ တချို့သူတွေလည်း အဲဒီလိုပဲဖြစ်နေတယ်။ ကိုယ့်အကောင့်ကို ပြန်စစ်ကြည့်ကြဦးနော်” ဟု သရုပ်ဆောင် စည်သူမောင်က ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *