Photo – Naing Thuta

အောက်တိုဘာလ ၁၁ ရက် သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ညပိုင်းတွင်လည်း မန္တလေးမြို့သမိုင်းဝင်ကျောက်တော်ကြီးဘုရားပွဲသို့ ပွဲလာသူပရိတ်သတ်များဖြင့် ဆက်လက်စည်ကားလျှက်ရှိခဲ့သည်။

” မနက်ဖြန်တော့ ဆွမ်းလောင်းပွဲကျင်းပမယ်။ ပွဲက ထင်ထားတာထက်တောင် စည်ကားသွားလို့ ပီတိဖြစ်မိပါတယ်။ မန္တလေးမှာရှိတဲ့ ဘုရားစေတီပုထိုးတော်တော်များများက ရှေးဟောင်းဘုရားတွေများတယ်။ အဲဒီအထဲကမှ သမိုင်းအစဉ်အလာကြီးမားတဲ့ ဘုရားပွဲတစ်ပွဲလည်းဖြစ်တယ်။ အရင်နှစ်တွေက ဒီထက်ပိုစည်ကားခဲ့တာ။ ဇာတ်ပွဲတွေတော့ မပါခဲ့လို့ စိတ်တော့မကောင်းဘူး။ မနက်ဖြန် ဆွမ်းလောင်းပွဲအတွက်လည်း စနစ်တကျပြုလုပ်ထားပါတယ်။ စျေးသည်တွေတော့ မသိမ်းလောက်သေးဘူး။ နှစ်စဉ် ဆွမ်းလောင်းပွဲပြီးတာတောင် စျေးသည်တွေ မသိမ်းသေးဘဲ စျေးဆက်ရောင်းနေကြသေးတယ်။ ဒီနှစ်တော့ အတိအကျမပြောနိုင်သေးဘူး” ဟု အောက်တိုဘာလ ၁၁ ရက်က ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကျောက်တော်ကြီးဘုရား၌ ယနေ့ လပြည့်ကျော် ၃ ရက်တွင်လည်း ၁၃၄ ကြိမ်မြောက် ဆွမ်းလောင်းပွဲအား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *