၉.၉.၂၀၂၆
Written By Thandar
ရွှေစန္ဒာမင်း ရုပ်ရှင်ထုတ်လုပ်ရေးက ဒရာမာဇာတ်လမ်းပုံစံ “မင်္ဂလာရှိသော သတို့သား” ဇာတ်ကား ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။
“အဓိက Message ပေးထားတာကတော့ ဒီ ခင်ပွန်းကောင်းတစ်ယောက်ဟာ ကိုယ့်ရဲ့ မိသားစုအပေါ်မှာ စေတနာ မေတ္တာ အပြည့်နဲ့ ပြုစုစောင့် ရှောက်ခဲ့တယ်ဆိုလို့ရှိရင် ဒါ မင်္ဂလာရှိတဲ့ သတို့သားတစ်ယောက်ပါပဲ။ နောက်တစ်ခုကတော့ ဒီမင်္ဂလာဆောင်တယ်ဆိုတာပေါ့နော်… သတို့သားနဲ့ သတို့ သမီး နှစ်ယောက်တည်းကိစ္စ မဟုတ်ပါဘူး။ သတို့သားရဲ့ဘက်က ဆွေမျိုးအသိုင်းအဝိုင်း၊ သတို့သမီးဘက်က ဆွေမျိုးအသိုင်းအဝိုင်း…ဒီ အသိုင်းအဝိုင်း နှစ်ခု ပေါင်းစည်းကြတဲ့အတွက်ကြောင့်မို့လို့ ဒါ တစ်ယောက်နဲ့တစ်ယောက် သည်းခံ၊ ခွင့်လွှတ်၊ နားလည်ပေးမှသာလျှင် အိမ်ထောင်ရေးက သာယာမယ် ဆိုတဲ့ အကြောင်းလေးတွေပါ။ ဒရာမာရော အချစ်က နည်းနည်းပါးပါး ပါပါတယ်”လို့ ဇာတ်ညွှန်း ဇော်မြင့်ဦးက ပြောပါတယ်။



အဆိုပါ ဇာတ်ကားကို ဝတ္ထု ဆွေဆွေအောင်၊ ဒါရိုက်တာနဲ့ ဇာတ်ညွှန်း အကယ်ဒမီ ဇော်မြင့်ဦး၊ တွဲဖက်ဒါရိုက်တာ အောင်ဩဘာက ဒရာမာ အချစ်ဇာတ်လမ်းပုံစံကို ဒီလထဲ ရိုက်ကူးမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ခန့်စည်သူ၊ စိုင်းစည်တွမ်ခမ်း၊ ဘုဏ်းရှိန်ခန့်၊ ဟန်ထူးဈာန်၊ ကောင်းမြတ်စံ၊ အကယ်ဒမီခိုင်နှင်းဝေ၊ အကယ်ဒမီခြူးလေး၊ ဝေလာရီ၊ ရှင်မင်းဆက်၊ စနိုးကြည်ဖြူ၊ ညီဂျော်၊ ခင်မို့မို့အေး၊ ပြည့်ကောင်းစုသန့်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
