၉.၉.၂၀၂၆
Written By Thandar
ကောင်းရုပ်ရှင်ထုတ်လုပ်ရေးက အတ္တနဲ့မာန၊ ငွေကြေးနဲ့အာဏာ၊ မေတ္တာနဲ့ မတရားမှုတွေကြားက လွန်ဆွဲပွဲတစ်ခုကို မြင်တွေ့ကြရမယ့် ဒရာမာဇာတ်လမ်းပုံစံ “လွန်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“မုံကတော့ ဒီဇာတ်ကားထဲမှာ ဆောင်းသဇင်ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ကိုယ်က မြို့ကနေ ပုဂံမြို့ကိုသွားပြီးတော့ အချစ်ကိုရှာဖွေတွေ့ရှိသွားတဲ့သူနေရာက သေချာသရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ ကိုနေပိုင်နဲ့က ဟိုအရင် ဗီဒီယိုကားတွေ ရိုက်ပြီးနောက် ခုမှ ရုပ်ရှင်ဇာတ်ကားကြီး ပထမဆုံးအကြိမ်ပြန်လည်ဆုံတွေ့တဲ့ကားလို့ ပြောလို့ရပါတယ်။ ဒီကားက တကယ့်ကို မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်မယ့် ဖခင်မေတ္တာတရားကို အကောင်းဆုံးပုံဖော်ထားတဲ့ ကိုမြင့်မြတ်ရဲ့ ဒရာမာကားစစ်စစ်ပါ။ အနှစ်သာရတွေ မြင်တွေ့ရမှာပါ”လို့ သရုပ်ဆောင် ဝင့်ယမုံနိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို DOP အကယ်ဒမီသာကျော်၊ တည်းဖြတ် အောင်မျိုးဦး၊ တွဲဖက်ဒါရိုက်တာ ထက်ဝေယံ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အောင်ချမ်းသာကရေးသားပြီး ဒါရိုက်တာနေပိုင်က ပုဂံဒေသနောက်ခံထားပြီး ဒရာမာဇာတ်လမ်းပုံစံ ဖန်တီးထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီရဲအောင်၊ ဝင့်ယမုံနိုင်၊ သံသာမိုးသိမ့်၊ အထူး ဧည့်သည်သရုပ်ဆောင်တိုင်ရွန်၊ ဇော်ဝင်းနိုင်(မန်း)၊ အကယ်ဒမီဇော်ဦး၊ အကယ်ဒမီ ခင်မိုမိုအေး၊ ထူးသာ၊ ဒိုပေါက်၊ ထက်ဝေယံ၊ ရှင်းသီရိသူ၊ ဂျူးဂျူးဇော်နဲ့ စတဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
#မြင့်မြတ် #ရဲအောင် #ဝင့်ယမုံနိုင် #သံသာမိုးသိမ့် #DirectorNayPaing #MyintMyat #ThanTharMoeTheint #WintYaMoneNaing #MyanmarActor #လွန် #လွန်ရုပ်ရှင်ဇာတ်ကားကြီး #drama #KaungFilmProduction
