၈.၉.၂၀၂၆
Written By Thandar
မာတာမြတ်မိခင် ရုပ်ရှင်ထုတ်လုပ်ရေးက Psychological Thriller ဇာတ်လမ်းပုံစံ “မော” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို စက်တင်ဘာ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ ဒီဇာတ်မျိုးဖန်တီးချင်ခဲ့တာ ကြာပါပြီ အဖက်ဖက်က ယုံကြည်ပေးကြလို့ရော မာတာ မြတ်မိခင် ထုတ်လုပ်ရေးကရော ဝိုင်းဝန်းပံ့ပိုးပေးကြလို့ ဒီလို Psychological Thriller ဇာတ်လမ်းပုံစံ ဇာတ်လမ်းမျိုးဖြစ်လာတာပါ။ ဒီ မောရုပ်ရှင်ကားက ၂၀၂၄ မှာရိုက်ခဲ့တဲ့ ကားလေးပါ။ Casting Call ကနေ သရုပ်ဆောင်သစ်တွေနဲ့ အကောင်းဆုံးပုံဖော်ခဲ့တာပါ။ အောင်ရဲထိုက်တို့ Emotion ကောင်းကောင်းနဲ့ ပါဝင်သရုပ်ဆောင်ပေးထားသလို တခြားပါဝင်ကြသူတွေလည်း အကောင်းဆုံး ကြိုးစားပေးထားကြပါတယ်။ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ ရုံတင်ရင်လည်း ပရိသတ်တွေ လိုက်စီးမျောခံစားပြီးတော့ ဘယ်လို ရင်မောပေးကြမလဲဆိုတာ သိချင်ပါတယ်။ ပရိသတ်ဆီက ပြန်လာမယ့် Feedback ကိုလည်းစောင့်မျှော်နေပါတယ်” လို့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ ထွဋ်တင့်ထွန်းက အကောင်းဆုံး ပရိသတ်တွေကို ရသတစ်မျိုးခံစားစေဖို့အတွက် Psychological Thriller ပုံစံ အကောင်းဆုံးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မို့မို့မြင့်အောင်၊ အောင်ရဲထိုက်၊ အာဒံဦး၊ စူးရှထူး၊ ရဲလွင်ဦး၊ မာဂျမ်ခေး၊ နှင်း၊ အိမ့်ခြူးမိုးမြင့်၊ အောင်ပိုင်၊ အောင်ဇော်မင်း၊ အကယ်ဒမီ ဇော်ဦး၊ မင်းသူ၊ သုန္ဒြေဦးနဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“မော” ရုပ်ရှင်ဇာတ်ကားကို လာမယ့် စက်တင်ဘာလ ၁၁ ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ ဗီဒီယိုစရိုက်တဲ့ အချိန်ကနဲ့ဆိုရင် ၂၀၁၂ နိုဝင်ဘာလနေပြီးတော့ အနုပညာ စလုပ်ခဲ့တယ်။ ခုလာမယ့် နိုဝင်ဘာ ၂၀၂၆ ဆိုရင်ဆိုရင် အနုပညာသက် ၁၄ နှစ်ရှိပါပြီ။ ကျွန်တော့်ရဲ့ Leading Role အနေနဲ့ မိတ်ဆက်ထားတဲ့ ရုပ်ရှင်ကားကြီး ရုံတင်ခွင့်ရတာပေါ့နော်။ ဒီအတွက် အရမ်းလည်း ရင်ခုန်နေပါတယ်။ ဒီလိုမျိုး လုပ်ဖော်ကိုင်ဘက်တွေက ချီးကျူးကြတဲ့ စကားတွေကို ကြားရလို့ ဝမ်းသာရပါတယ်။ ဒီလမ်းခရီးတစ်လျှောက် အခက်အခဲပေါင်းများစွာ သည်းခံပြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ ခံစားချက်ပေါင်းများစွာ အရသာပေါင်းများစွာကျော်ဖြတ်ခဲ့ပြီးပါပြီ။ ကျွန်တော် တည်ဆောက်ထားတဲ့ အရာအတိုင်း တဖြည်းဖြည်းချင်းဖြစ်လာလို့ ပျော်ပါတယ်။ မောမှာလည်း ကျွန်တော့်အနေနဲ့ တကယ်လည်း အကောင်းဆုံး ကြိုးစားပုံဖော်ခဲ့ပါတယ်” လို့ သရုပ်ဆောင် အောင်ရဲထိုက်က ပြောပါတယ်။
#မို့မိုမြင့်အောင် #အောင်ရဲထိုက် #အာဒံဦး #စူးရှထူး #ရဲလွင်ဦး #မာဂျမ်ခေး #နှင်း #အိမ့်ခြူးမိုးမြင့် #အောင်ပိုင် #မော #Psychologicalthriller #Film #AFilmByHtutTintHtun #MohtMohtMyintAung #AungYeHtike #ArdanOo
