သတိုး
၅. ၉. ၂၀၂၆
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသမ္မတ တိုလန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ထရန်သန်းမန်တို့နှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေရာ ယနေ့နံနက်ပိုင်းတွင် အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်သို့ ရောက်ရှိလာရာ ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့က ခရီးဦးကြိုပြုကာ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူရန် အလေးပြုခံစင်မြင့်နေရာသို့ သွားရောက်နေရာယူပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူခဲ့သလို နိုင်ငံတော်သမ္မတနှစ်ဦးက ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြပြီး နှစ်နိုင်ငံသမ္မတနှစ်ဦးက ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့သလို အဆိုပါ ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ထရန်သန်းမန်တို့ ဆက်လက် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ဆွေးနွေးပွဲအသေးစိတ်ကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
