၄.၉.၂၀၂၆
Written By Thandar
မာတာမြတ်မိခင် ရုပ်ရှင်ထုတ်လုပ်ရေးက Psychological Thriller ဇာတ်လမ်းပုံစံ “မော” ရုပ်ရှင်ဇာတ်ကားကြီး Creator Show အခမ်းအနားကို စက်တင်ဘာ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ နေပြည်တော်အဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“အရင်ဆုံး ကျေးဇူးတင်ချင်တာကတော့ ဒီ မေမွန် Character လေးကို ယုံယုံကြည်ကြည်နဲ့ ရိုက်ကူးခွင့်ပေးတဲ့ ကိုထွန်းကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ပြီးတော့ ဒီ မေမွန် Character လေးကိုပေါ့နော် ယုံယုံကြည်ကြည်နဲ့ ဖန်တီးခွင့်ပေးတဲ့အတွက် Producer ကိုကျော်ဆန်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ပြီးတော့ ကြည့်ရှုပေးကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီ မော ရုပ်ရှင်ကပေါ့နော် အားလုံးအတူတူ ၂၀၂၄ မှာ ရိုက်ခဲ့တဲ့ ကားလေးပေါ့နော်။ အဲတော့ ပြသရင် အတူတူ လိုက်စီးမျော ခံစားပြီးတော့ မောပေးကြပါလို့ ပြောချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်”လို့ သရုပ်ဆောင် မာဂျမ်းခေးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ ထွဋ်တင့်ထွန်းက အကောင်းဆုံး ပရိသတ်တွေကို ရသတစ်မျိုးခံစားစေဖို့အတွက် Psychological Thriller ပုံစံ အကောင်းဆုံးပုံဖော်ထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မို့မို့မြင့်အောင်၊ အောင်ရဲထိုက်၊ အာဒံဦး၊ စူးရှထူး၊ ရဲလွင်ဦး၊ မာဂျမ်ခေး၊ နှင်း၊ အိမ့်ခြူးမိုးမြင့်၊ အောင်ပိုင်၊ အောင်ဇော်မင်း၊ အကယ်ဒမီ ဇော်ဦး၊ မင်းသူ၊ သုန္ဒြေဦးနဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
“မော” ရုပ်ရှင်ဇာတ်ကားကို လာမယ့် စက်တင်ဘာလ ၁၁ ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
မို့မို့မြင့်အောင် #အောင်ရဲထိုက် #အာဒံဦး #စူးရှထူး #ရဲလွင်ဦး #မာဂျမ်ခေး #နှင်း #အိမ့်ခြူးမိုးမြင့် #အောင်ပိုင် #မော #Psychologicalthriller #Film #AFilmByHtutTintHtun








