၄.၉.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ကျောင်းသားနှင့် ဆရာ၊ ဆရာမ ၂,၀၀၀ ခန့်သည် စက်တင်ဘာလ အစောပိုင်းက အစိုးရ၏ အခမဲ့ကျောင်းနေ့လည်စာအစီအစဉ်နှင့် ဆက်စပ်၍ ပြီးခဲ့သည့် သုံးရက်အတွင်း အစာအဆိပ်သင့်မှုဖြင့် ဖျားနာခဲ့ကြရာ သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အခမဲ့ အာဟာရပြည့်ဝသော အစားအစာများ အစီအစဉ်အပေါ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။
အစိုးရမှ ပံ့ပိုးပေးသော အခမဲ့ကျောင်းအစားအစာများကို စားသုံးပြီးနောက် အင်ဒိုနီးရှားတွင် လူပေါင်းထောင်နှင့်ချီ၍ အစာအဆိပ်သင့်ခဲ့ရကြောင်း သတင်းများက ဖေါ်ပြခဲ့သည်။
ဗဟိုဂျာဗားပြည်နယ် လာဆမ်မြို့တွင် အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသား ၇၅၂ ဦးနှင့် ဆရာ ၂၅ ဦးသည် စက်တင်ဘာလ ၂ ရက်က အခမဲ့နေ့လည်စာ စားသုံးပြီးနောက် စက်တင်ဘာလ ၃ ရက် နံနက်တွင် ပြင်းထန်သော ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကို ခံစားခဲ့ရသည်။ မျက်မြင်သက်သေများက ဖြန့်ဝေထားသော ကြက်သားကင်သည် ချွဲကျိကျိ ဖြစ်ပြီး ငါးနံ့ရကြောင်း မှတ်ချက်ပြုခဲ့ကြသည်။
အရှေ့ဂျာဗားကျွန်း ဆီဒိုအာဂျိုဒေသတွင်လည်း အစ္စလာမ်မစ်ဘော်ဒါကျောင်းတစ်ကျောင်းတွင် အစိုးရက ထောက်ပံ့ပေးသော နေ့လယ်စာစားသုံးပြီးနောက် စက်တင်ဘာလ ၁ ရက်တွင် ကျောင်းသား ၅၀၀ ကျော် ဖျားနာခဲ့ပြီး အများအပြားမှာ ဆေးရုံတက်ရန် လိုအပ်ခဲ့သည်။
တစ်ဖန် စက်တင်ဘာလ ၂ ရက်က နောက်ထပ်ဖြစ်ရပ်နှစ်ခုတွင် အရှေ့ဂျာဗားပြည်နယ်၊ ငန်ဂျပ်မြို့တွင် ထမင်းကြော်၊ ကြက်သားနှင့် တို့ဟူးတို့ကို စားသုံးပြီးနောက် နောက်ထပ်ကျောင်းသား ၄၉ ဦး အဆိပ်သင့်ခဲ့ကာ အနောက်ဆူမားတြားပြည်နယ်၊ အဂမ် Agam မြို့တွင် ၂၃၇ ဦးတို့လည်း ဖျားနာခဲ့ကြသည်။
နောက်ဆုံးဖြစ်ရပ်တွင် ဗဟိုဂျာဗားပြည်နယ်၊ ရမ်ဘန်းမြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် စက်တင်ဘာလ ၂ ရက်က အခမဲ့အစားအစာကို စားသုံးပြီးနောက် ကျောင်းသာ ၇၇၇ ဦး နေမကောင်းဖြစ်ခဲ့ကြောင်း ကျောင်းအုပ်ကြီးက ပြောကြားခဲ့သည်။
အဆိုပါ အစားအစာများကို သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ထင်ရှားသောမူဝါဒတစ်ခုဖြစ်သည့် ဒေါ်လာဘီလျံပေါင်းများစွာတန် အခမဲ့ အာဟာရပြည့်ဝသော အစားအစာများ အစီအစဉ်မှတစ်ဆင့် ပံ့ပိုးပေးခဲ့ပြီး အင်ဒိုနီးရှားကျောင်းသားများအတွက် အာဟာရဓာတ်များ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်သည်ဟုဆိုကြသည်။
သို့သော် အစီအစဉ်က အစားအစာအဆိပ်သင့်မှုများစွာ၏ အရင်းအမြစ်အဖြစ် သံသယရှိရခြင်းများ အပြင် အဂတိလိုက်စားမှုစွပ်စွဲချက်များနှင့်ပတ်သက်နေသည်ဟု ၎င်း၏ကုန်ကျစရိတ်အေ စွပ်ပွဲမှု များ ရှိနေ၍ အစီအစဉ်မှာ နှောင့်နှေးမှုများရှိနေသည်။
Ref———-bbc, DW News
