၂.၉.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး လူငယ်အရင်းအမြစ်တိုးတက်ရေးကော်မတီနဲ့ CANN ARTT ACADEMY တို့ရဲ့ ရုပ်ရှင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို စက်တင်ဘာလ ၁ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရွှေရတုခန်းမမှာကျင်းပခဲ့ပါတယ်။
“အဓိက ကျွန်တော်တို့ CANN ARTT အနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအောက်မှာရှိတဲ့ လူငယ်အရင်းအမြစ်တိုးတက်ရေးကော်မတီရဲ့ ခေါင်းစဉ်အောက်ကနေ ရုပ်ရှင်ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဘာလုပ်ပေးရင် ကလေးတွေအတွက် အခွင့်အလမ်းတွေရမလဲဆိုတာကို စတင် စဉ်းစားဖြစ်ခဲ့တာပါ။ Digital Archive ကလည်း ကျောင်းမှာ ကလေးတွေကို တစ်ခုခု Reference ရှာလို့ရှိရင် နိုင်ငံခြားကားတွေ ပတ်သက်ရင် အချက်အလက်က ရှာလို့လွယ်တယ်။ မြန်မာရုပ်ရှင်ရဲ့ အချက်အလက်တွေကို ကလေးတွေ အလွယ်တကူနဲ့ သိဖို့၊ ဒီအပေါ်စိတ်ဝင်စားဖို့ အစည်းအရုံးမှာရှိတဲ့ Library Archive အနေနဲ့ နိုင်သလောက်လေးစတင်ဖြစ်တာပါ”လို့ သရုပ်ဆောင် နေမင်း (CANN ARTT Academy) က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူ ဦးအေးကြူလေး၊ အကယ်ဒမီ ဇော်မြင့်ဦး၊ အကယ်ဒမီ ချမ်းသာကြည်စိုး၊ အကယ်ဒမီ ခန့်စည်သူ စတဲ့သူတွေနဲ့ CANN ARTT ACADEMY က တာဝန်ရှိသူတွေဖြစ်တဲ့ သရုပ်ဆောင် နေမင်း၊ ဇာတ်လမ်း ဇာတ်ညွှန်းအောင်ကြီး စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီလုပ်ငန်းစဉ်တွေ ပိုမိုပွင့်လင်းမြင်သာမှုရှိစေဖို့ ဆောင်ရွက်သွားမယ့်အကြောင်းနဲ့ ရုပ်ရှင်မျိုးဆက်သစ်တွေ ပေါ်ထွက်လာစေရေးအတွက် အနုပညာကော်မတီအောက်က အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ရုပ်ရှင်အစည်းအရုံးရဲ့ စာကြည့်တိုက်နဲ့ ဇာတ်ကားတွေကိုကြည့်ရှုနိုင်တဲ့ အခြေအနေတွေအပြင် ဆုရရှိမှုကိစ္စရပ်တွေကိုလည်း စာရင်းဇယားတွေနဲ့ ပွင့်လင်းမြင်သာစွာ ဖော်ပြပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
#နေမင်း #NayMin #AungGyi #MyanmarActor #UKyiSoeTun #UAyeKyuLay #MOU #CANNARTT #CANNARTTACADEMY









