နေမိုး
၃၁. ၈. ၂၀၂၆
ရန်ကုန်မြို့ အခြေပြုကာ အဖျက်အမှောင့်လှုပ်ရှားမှုများ ပြုလုပ်သည့် NUG ဩဇာခံ UG PDF အဖွဲ့ဖြစ်သော God’s Hand Forces တာဝန်ခံ မြင့်ဇော်စိုး (ခ) ကဗျာဆရာမောင်မိုးမြင့်(တာယာ) ဆိုသူမှာ ပဲခူးတွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အဆိုပါ PDF အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
God’s Hand Forces တာဝန်ခံ GHF 001 မြင့်ဇော်စိုး (ခ) ကဗျာဆရာမောင်မိုးမြင့်(တာယာ) ဩဂုတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းစစ်ဒေသ စစ်ဆင်ရေးနယ်မြေတစ်ခု၌ သေဆုံးသွားခြင်းဖြစ်ပြီး သေဆုံးမှုမှာ ၉၆ ပါးသော ရောဂါဟု God’s Hand Forces က အမည်တပ်သည်။
သေဆုံးချိန်တွင် အသက် ၄၀ ခန့်ရှိနေပြီဖြစ်သော God’s Hand Forces တာဝန်ခံ GHF 001 မြင့်ဇော်စိုး (ခ) ကဗျာဆရာမောင်မိုးမြင့်(တာယာ) သည် ယခင်က ရွှေပြည်သာ၊ လှိုင်သာယာ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ စသည်မြို့နယ်များတွင် ဖောက်ခွဲသတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သလို ထိုအချိန်က သတင်းထုတ်ပြန်မှုများအား တာဝန်ခံ ဆရာကျောင်းအမည်ဖြင့် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လုံခြုံရေးအရာရှိချုပ် ဦးရဲခိုင်၊ လူငယ်စီးပွားရေးလုပ်ငန်းရှင် ဦးဉာဏ်လွင်အောင်တို့ကို ဖက်တီးမ ထမင်းဆိုင်တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည့် Urban Owl အဖွဲ့အပါအဝင် မိတ်ဖက် UG အဖွဲ့ ၁၄ ဖွဲ့အတွက် “ရန်ကုန်မှာနားထွင်း စစ်တပ်ကို တအားဗျင်း” ခေါင်းစဥ်တပ်ကာ ရန်ပုံငွေရှာခဲ့သော်လည်း ရန်ကုန် UG PDF များကို လုံခြုံရေးတပ်ဖွဲ့က နှိမ်နင်း၍ ပဲခူးဘက်ထွက်ပြေးရာမှ ယခုလို သေဆုံးခဲ့ခြင်းလည်းဖြစ်သည်။





