၃၁.၈.၂၀၂၅
Translated by Htwe Ko Tun
နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံ၊ တိဘက်ဒေသတို့ နယ်စပ်တွင် ရေခဲတောင်တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ရာမှ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် လက်ရှိတွင် နှစ်နိုင်ငံပေါင်း သေဆုံးသူ ၉၀၀ ကျော်ရှိပြီး ၄,၇၀၀ ကျော် ပျောက်ဆုံးနေရပြီဖြစ်ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြခဲ့ကြသည်။
နီပေါနိုင်ငံအတွင်း ဩဂုတ်လ ၃၁ ရက် နံနက်အထိ သေဆုံးသူဦးရေ ၉၀၃ ဦးအထိ မြင့်တက်လာပြီး ၄,၂၄၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နီပေါအမျိုးသားဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင် (NDRRMA)အဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။


ဘိုတေးကိုရှီမြစ်နှင့် ထရီရှူလီမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများ ထိုမြစ်များတစ်လျှောက်ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူဦးရေသည် ၉၀၃ ဦးအနက် နိုင်ငံခြားသား ၅၉၀ နီးပါး ပါဝင်ကြောင်းလည်း NDRRMA က ပြောခဲ့သည်။ ထိခိုက်ခံရသောခရိုင်များမှ လူ ၁၀,၄၅၁ ယောက်ကို ကယ်တင်နိုင်ခဲ့သည်ဟုလည်း ဆိုခဲ့သည်။
တရုတ်အာဏာပိုင်များကလည်း နယ်စပ်တရုတ်ဘက်ခြမ်းတွင် ရေကြီးရေလျှံမှုအတွင်း သေဆုံးသူ ၁၆ ဦးနှင့် ၅၄၆ ဦး ပျောက်ဆုံးနေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ပျောက်ဆုံး၊ သေဆုံးနေသူများတွင် နိုင်ငံခြားသား ၂၆၀ ကျော် ပါဝင်ကြောင်းလည်း အာဏာပိုင်များက ပြောခဲ့သည်။
ဆက်လက်ဖြစ်ပွားနေသော အန္တရာယ်များကြောင့် ရေမျက်နှာပြင် မြင့်မားနေဆဲဖြစ်ပြီး အာဏာပိုင်များသည် နယ်စပ်အနီးရှိ အတားအဆီးရေကန်များကို ဒုတိယရေကြီးမှုဖြစ်နိုင်ခြေအတွက် စောင့်ကြည့်နေရကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာလည်း အဓိကအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
Ref: Kahtmandu Post

