နေမိုး
၃၀. ၈. ၂၀၂၆
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကြား နမ့်ပန်းလမ်းခွဲရှိ အခွန်ကောက်ခံရေးဂိတ်မှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့ ကိုးကန့်တရုတ် MNDAA နဲ့ ရခိုင်အကြမ်းဖက် AA တို့က အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဩဂုတ်လ ၂၉ ရက် (စနေနေ့) မွန်းလွဲ ၁ နာရီကျော်မှာ MNDAA နဲ့ AA တပ်ဖွဲ့က ဂိတ်ချ စစ်ဆေးရေးလုပ်ပြီး ဆက်ကြေးကောက်နေချိန်မှာ အမျိုးသမီးတစ်ဦးမောင်းလာတဲ့ကားက စစ်ဆေးမှုမခံဘဲ မောင်းပြေးတာကြောင့် အကြမ်းဖက်လက်နက်ကိုင် MNDAA နဲ့ AA က ပစ်သတ်လိုက်ကြတာလို့လည်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ပုံအရလည်း ညအိပ်ဝတ်စုံနဲ့ ဆင်တူတဲ့ ဝမ်းဆက်ဝတ် အမျိုးသမီးတစ်ယောက်ကို အကြမ်းဖက် MNDAA နဲ့ AA က ပစ်သတ်ထားလို့ ဦးခေါင်းပွင့်ထွက်သေဆုံးနေတာ တွေ့ရသလို လက်နက်မဲ့အမျိုးသမီးတစ်ယောက်ကို ပစ်သတ်အပြီးမှာ ဖြတ်သန်းနေတဲ့ကားတွေကို ဖြတ်သန်းခွင့်မပြုခဲ့တာနဲ့ ရခိုင် (AA) က ပိတ်ထားတယ်လို့ ပြောနေတာလည်း တွေ့ရပါတယ်။
လက်ရှိအချိန်အထိတော့ အကြမ်းဖက် MNDAA နဲ့ AA တို့က လူသတ်မှုကျူးလွန်လိုက်တဲ့အပေါ် ဝန်ခံချက် ထုတ်ပြန်လာမှုမရှိသေးဘဲ ကားမောင်းလာတဲ့အမျိုးသမီးဟာ ဆေးကြောင်ပြီး ဂိတ်နဲ့ အကြမ်းဖက်တွေကို ဝင်တိုက်လို့ ပစ်သတ်လိုက်တယ်ဆိုတဲ့အချက်ကိုပဲ ရွှေဖီမြေအပါအဝင် အကြမ်းဖက်ထောက်ခံတဲ့မီဒီယာတွေကနေ ဝါဒဖြန့်နေတာပဲ တွေ့မြင်ရပါတယ်။
