၂၉.၈.၂၀၂၆
Written By Thandar
Mahar Application က မကြာခင်ထုတ်လွှင့်ပြသမယ့် လောင်ရမယ့်ဇာတ်လမ်းပုံစံ “မုန်းမာန်ငြိုး” ဇာတ်လမ်းတွဲမှာ ကိုယ်ထက်ကြီးတဲ့သူကို မြင်မြင်ချင်းစွဲလမ်းချစ်မိသွားတဲ့ မီးမီးရဲရဲနီကာရိုက်တာက ပါဝင်ထားတယ်လို့ သရုပ်ဆောင် သံသာညီက ပြောပါတယ်။
“သာ့အတွက် ဒီကာရိုက်တာက အရမ်းလည်း တာဝန်ကြီးပါတယ်။ ရှေ့မှာလည်း မကစ်က အရမ်းပေါက်ပြီး အကယ်ဒမီရခဲ့တဲ့ ကားမို့ သာက ဇာတ်လမ်းတွဲအနေနဲ့ ပြန်လည်ပုံဖော်တာမို့လေ။ ကာရိုက်တာ ပိုပီပြင်အောင် သာအများကြီး ကြိုးစားရမှာပါ။ သာ့အတွက်လည်း အရမ်းလည်း Pressure လည်းများတယ်။ သာ ကာရိုက်တာ ပီပြင်ဖို့လည်း ဆံပင်တွေလည်း ညှပ်ထားတယ်။ သာ့ဘဝမှာ တစ်ခါမှ ဆံပင်မညှပ်ဖူးဘူး။ သာ အစွဲအလမ်းကြီးတယ်။ ဆံပင်ပုံစံကိုလည်း မပြောင်းဘူးပေါ့။ ဒီကားအတွက် သာညှပ်ထားတယ်။ နောက် သာ့ ကာရိုက်တာက ကိုယ့်ထက်အသက်ကြီးတဲ့သူကို မြင်မြင်ချင်း စွဲလမ်းစွာချစ်မိသွားတဲ့သူ ပုံစံမျိုးမြင်တွေရမှာပါ။ ကာရိုက်တာ နာမည်က မီးမီးရဲရဲနီပါ။ ပရိသတ်တွေမကြာခင် ထုတ်လွှင့်ရင် အားပေးကြဦးလို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင် သံသာညီက ပြောပါတယ်။
ရွှေစည်တော်က ထုတ်လုပ်တဲ့ အဆိုပါ ဇာတ်ကားကို ဝတ္ထု လွန်းထားထား၊ ဇာတ်ညွှန်းမယ်ခိုင်က ရေးသားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က တစ်ချိန်ကအောင်မြင်ခဲ့တဲ့ နှလုံးသားဖြင့်ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်လည်ပုံဖော် ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ရန်အောင်၊ အောင်ရေချမ်း၊ ညီထွဋ်ခေါင်၊ မင်းတော်ဝင်၊ ဝင်းခန့်မိုး၊ ဝင့်ယမုံနိုင်၊ သံသာညီ၊ ထူးနိုင်လင်း၊ တာတာ၊ ဆင်မ၊ အေးသီတာ စတဲ့သူတွေ ပါဝင်ကြမှာဖြစ်ပါတယ်။
မုန်းမာန်ငြိုးဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာလ ၂ ရက် တနင်္လာနေ့ကနေ သောကြာနေ့အထိ နံနက် ၇ နာရီမှာ စတင်ပြီး Mahar Application ကကြည့်ရှုနိုင်သလို Mahar Movie Channel လိုင်းမှာတော့ ညနေ ၆ နာရီတိုင်းမှာ ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
#သံသာညီ #ရန်အောင် #အောင်ရေချမ်း #ညီထွဋ်ခေါင် #မင်းတော်ဝင် #ဝင်းခန့်မိုး #ဝင့်ယမုံနိုင် #ThanTharNyi #AungYayChan #NyiHtutKhaung #WintYamoneNaing #WinKhantMoe #မုန်းမာန်ငြိုး #mahar #maharapplication #မဟာနဲ့ဆိုဇိမ်ပဲ





