၂၇. ၈. ၂၀၂၆
သက်တံ့၊ ထွေးကိုထွန်း
တရုတ်-နီပေါ နယ်စပ်တစ်လျှောက်ရှိ ချီရုံး (Gyirong) ဆိပ်ကမ်းဧရိယာကို ဗုဒ္ဓဟူးနေ့က ကြီးမားသော နှုန်းတင်မြေပြိုမှုနှင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးတွင် အနည်းဆုံး လူ ၁၆၀ ကျော် သေဆုံးပြီး ၁,၀၀၀ ကျော် ပျောက်ဆုံးနေသည့်အပြင် ပျောက်ဆုံးသူများတွင် ကမ္ဘာလှည့်ခရီးသွား ၄၈၄ ဦးအထိ ပါဝင်နေသည်။
ကြာသပတေးနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သော တရုတ်နိုင်ငံ၊ ရှီးကာဆယ် (Shigatse) မြို့နယ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲမှ နောက်ဆုံးရ တရားဝင်ထုတ်ပြန်ချက်အရ တရုတ်ဘက်ခြမ်းတွင် လူ ၃ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၅၅၈ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
ထိုဖြစ်စဥ်အတွင်း အသက်ရှင်သူ (၂) ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ရှာဖွေရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာသည်နှင့်အမျှ ယခင် ပျောက်ဆုံးစာရင်း ၂၆၅ ဦးထက် အရေအတွက် ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။
တရုတ်အာဏာပိုင်များသည် မီးသတ်သမားများ၊ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် အင်ဂျင်နီယာအဖွဲ့များ ပါဝင်သည့် အင်အား ၁,၅၀၀ ကျော်ကို စုစည်းတာဝန်ပေးအပ်ထားသည်။ ဒုတိယဝန်ကြီးချုပ် ကျန်း ဂေါ်ချင်း (Zhang Guoqing) သည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို တိုက်ရိုက်ကွပ်ကဲလျက်ရှိသည်။
အမျိုးသားရုပ်သံ CCTV ၏ ဖော်ပြချက်အရ ဆိပ်ကမ်းအနီးတွင် ကြီးမားသည့်ရေကန်ကြီး (Barrier Lake) တစ်ခု ပိတ်ဆို့ ဖြစ်ပေါ်လာသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပိုမိုခက်ခဲရှုပ်ထွေးနေသည်။
အဆိုပါဖြစ်စဥ်သည် ယမန်နေ့ ဩဂုတ် ၂၆ ရက်က နီပေါနိုင်ငံ ရာစူဝါဒေသမှ စတင်ခဲ့ခြင်းဖြစ်ပြီး တိဗက်ရှိ ရေခဲကန်များ ရေလျှံထွက်မှုကြောင့် ဘိုတေးကိုရှီမြစ် ရုတ်တရက်ရေကြီးမှုဖြစ်ပွားကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ဇိဇန့် (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်-နီပေါ နယ်စပ်ဆိပ်ကမ်းတစ်ခုကိုပါ ရေကြီးမြေပြိုမှု ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဥ်ကြောင့် နီပေါဘက်ခြမ်းတွင်လည်း သေဆုံးပျောက်ဆုံးမှု များပြားခဲ့သလို ယနေ့ ဩဂုတ် ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ အနည်းဆုံး ၁၆၂ ဦး သေဆုံးကြောင်း သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ကျော်နှင့် ကမ္ဘာလှည့်ခရီးသွားများ အပါအဝင် လူရာချီ ပျောက်ဆုံးနေဆဲဖြစ်သည်။
အဆိုပါ ရေကြီးမှုကြောင့်ပင် နီပေါဘက်ခြမ်းတွင် ရေအားလျှပ်စစ်စီမံကိန်း ကိုးခုနှင့် စီးပွားရေးဘဏ်ခွဲများ အရေအတွက် တူညီစွာ ပျက်စီးသွားခဲ့သည်။ ကနဦးအစီရင်ခံစာအရ တရုတ်နှင့် နီပေါဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတားအပါအဝင် မော်တော်ကားတံတား ၁၉ စင်းနှင့် အဝေးပြေးလမ်းမကြီး ၄၀ ကီလိုမီတာမှာ ရေကြီးမှုကြောင့် ပျက်စီးသွားခဲ့သော်လည်း ပုဂ္ဂလိကနှင့် အများပြည်သူပိုင်ပစ္စည်းများ၏ ပျက်စီးမှုစာရင်းကို မသိရသေးပေ။
ပျောက်ဆုံးနေသူများ၏ ပမာဏအပေါ် အခြေခံ၍ လုံခြုံရေးအရာရှိများနှင့် ဘေးအန္တရာယ်ကျွမ်းကျင်သူ များက သြဂုတ်လ ၂၆ ရက် ရေကြီးမှုသည် နီပေါနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အသေအပျောက် အများဆုံးဘေးအန္တရာယ်များထဲတွင် ပါဝင်နိုင်ပြီး လူ ၁,၄၀၀ သေဆုံးကာ နိုင်ငံ၏အသေအပျောက် အများဆုံး စံသတ်မှတ်ထားသော ဘေးအန္တရာယ်အဖြစ် ကြာရှည်စွာ ရပ်တည်ခဲ့သော ၁၉၉၃ ခုနှစ် Sarlahi၊ Rautahat နှင့် Makawanpur ရေကြီးမှုတို့ကိုပင် ကျော်လွန်နိုင်သည်ဟု ပြောကြားခဲ့သည်။
Ref: SCMP , Kathmandu Post & Xinhua





