နေမိုး
၂၆. ၈.၂၀၂၆
နေအိမ်တွင် အိပ်စက်အနားယူနေသည့် လက်နက်မဲ့ အမျိုးသားကြီးတစ်ဦးကို NUG ဩဇာခံ ပဲခူး PDF လေးဦးက ဒလန်တံဆိပ်ကပ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု အုတ်ဖိုမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကြီးပျက်ကျေးရွာနေ ဦးအောင်ဝင်း (၅၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ပဲခူး PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု ပြောဆိုစွပ်စွဲ၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ဦးအောင်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းသည် လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို PDF များက သတ်ဖြတ်မှု အမြင့်မားဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်မှုနည်းပါးသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ ၁၅၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
