၂၅.၈.၂၀၂၆
Written By Thandar
လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက အကြမ်းစားဒရာမာဇာတ်လမ်းပုံစံ “ကျွန်မနဲ့ မောင်”ရုပ်ရှင်ဇာတ်ကားကြီး Red Carpet Show ပွဲအခမ်းအနားကို ဩဂုတ် ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ တပည့်နှစ်ယောက်ရဲ့ အောင်မြင်မှုရှိတဲ့ ဇာတ်ကားမို့ ဆုံကြတာကောင်းပါတယ်။ ဇာတ်ကားကြော်ငြာကို ပိုစတာကို ကြည့်ပြီးတော့ အေးချမ်းမောင်က ပက်လက်ကြီးလန်နေတာလေ။ နည်းနည်းတော့ အံ့ဩသွားခဲ့တယ်။ မင်းသမီးရော မင်းသားရောက ကာရိုက်တာ ပီပြင်ဖို့တော့ လိုပါတယ်။ အချစ်ဇာတ်လမ်းလေးကို သဘောကျပါတယ်”လို့ ဂျွန်လွင်က MT Entertainment ကို ပြောပါတယ်။
အဆိုပါဇာတ်ကားကို မအေးအေးဝင်း စီစဉ်ပြီး ဇာတ်လမ်းရွှေရေးထင်ထင်၊ ဇာတ်ညွှန်းမင်းကိုစိုး (နတ်သံကွင်း) နဲ့ ရွှေရေးထင်ထင်တို့က ရေးသားကာ ဒါရိုက်တာအကယ်ဒမီကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ အေးချမ်းမောင်၊ မိုးဟေကို၊ အကယ်ဒမီမေသန်းနု၊ ခွန်းည၊ မင်းသူ၊ ဟိန်းသန့်ဇေ၊ မင်းအာကာ၊ ရှင်ရဲ ထွဋ်၊ မေသရီဝဏ် စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။
“ဆရာက လွှမ်းမိုးတယ်ဆိုတာထက် သူ့တပည့်တွေကို နောက်ကောက်မကျန်စေချင်ဘူး။ စိတ်ရင်း စေတနာအရမ်းကောင်းတယ်။ မိုးက မိဘပြီးရင် ဆရာက အဓိကပါပဲ။ ဟိုးအရင် ဆရာနဲ့က မိသားစုလိုနေလာခဲ့တာပါ။ ဆရာရဲ့အဆူကတော့ မခံရပါဘူး”လို့ သရုပ်ဆောင် မိုးဟေကိုက ပြောပါတယ်။
“ကျွန်မနဲ့မောင်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၂၈ ရက်နေ့က စတင်ပြီး မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#အကယ်ဒမီအေးချမ်းမောင် #မိုးဟေကို #အကယ်ဒမီမေသန်းနု #ဟိန်းသန့်ဇေ #မင်းအာကာ #AyeChanMg #MoeHeyKo #KhinThidaTun #MyanmarActor #ကျွန်မနဲ့မောင် #ရပ်ရှင်ဇာတ်ကားကြီး #MTEntertainmen








