၂၅.၈.၂၀၂၆
Written By Thandar
Scene 23 Film Production က “အဖြူရောင်တွေစွန်းပေနေတဲ့နာရီ”ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနားကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စွယ်တော်မြတ်စေတီတော်မှာ ကျင်းပခဲ့ပါတယ်။
“အဖြူရောင်တွေ စွန်းပေနေတဲ့နာရီ ရုပ်ရှင်ဇာတ်ကားကြီးမှာ သိပ်မတွဲဖူးသေးတဲ့ အတွဲလေးပေါ့။ ပရိသတ်အမြင်တော့ ဆန်းမှာပါ။ ကောင်မလေးနာမည် ဇာတ်ကောင်ကာရိုက်တာက ဇွန်နေရာပါ။ ခုခေတ် ကောင်မလေးတွေလို Confident Level ကတော့ So Hight ပေါ့.. ဘဝကို ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းတယ်။ ကိုယ်က Over Thinking သမားပေါ့။ ဇွန်ဆိုတဲ့ ကောင်မလေးက ရင်ဘတ်ထဲမှာ လေးနက်တဲ့အဓိပ္ပာယ်တွေရှိတယ်။ အချစ်တွေလည်းရှိတယ်။ ကာရိုက်တာလေးက Challenge ဖြစ်မှာပါ”လို့ အကယ်ဒမီ ခြူးလေးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ခွန်းညိုသွေး၊ ဇာတ်ညွှန်း အကယ်ဒမီ အေးသီရိကို၊ D.O.P သီဟသစ်လက်ထောက်ဒါရိုက်တာ ဝေယံ၊ ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN) က ပရိသတ်တွေ မြင်တွေ့နေကြမဟုတ်တဲ့ ဇာတ်အိမ်လေးနဲ့ မကြာခင် ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ အေးချမ်းမောင်၊ အကယ်ဒမီ ရတနာဗိုလ်၊ အကယ်ဒမီ ခြူးလေး၊ မီကိုခန့်၊ သွန်းကြယ်စင် စတဲ့သူတွေ ပါဝင်သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။
#အကယ်ဒမီအေးချမ်းမောင် #အကယ်ဒမီရတနာဗိုလ် #အကယ်ဒမီခြူးလေး #AyeChanMaung #YadanarBo #ChueLay #အဖြူရောင်တွေစွန်းပေတဲ့နာရီရုပ်ရှင်ဇာတ်ကားကြီး #ကန်တော့ပွဲ #SCENE23FILMPRODUCTION








