၂၅.၈.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်အစိုးရက အီရန်နိုင်ငံနှင့် စီးပွားရေးဆက်ဆံမှု ဖြတ်တောက်မှု မပြုဘဲ ဆက်လက်ဆက်ဆံနေသော နိုင်ငံများအပေါ် ပိတ်ဆို့မှုအသစ်များကို ထိခိုက်စေမည်ဟု ခြိမ်းခြောက်နေသော်လည်း အမေရိကန်အစိုးရအနေဖြင့် အမှန်တကယ်တွင် ကြီးမားသော ပြစ်ဒဏ်အသစ်များ ချမှတ်ခြင်းကို ရပ်တန့်ထားကြောင်း သိရသည်။
ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က အီရန်အား ငွေကြေးခဝါချရန် ကူညီပေးနေသော အဖွဲ့များသည် အမေရိကန်ဘဏ္ဍာရေးစနစ်မှ နှင်ထုတ်ခံရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။
အီရန်နိုင်ငံအား “စီးပွားရေးဆိုင်ရာ D-Day ဘဏ္ဍာရေးဝန်ကြီး ဘက်ဆန့်က အီရန်ကို ပိုမိုအထီးကျန်စေရန် ရည်ရွယ်သည့် ပိတ်ဆို့မှု အစီအစဉ်သစ်များကို ဩဂုတ် ၂၄ ရက်တွင် ကြေညာခဲ့သည်။ ပိတ်ဆို့မှုများက အီရန်နိုင်ငံ၏ သင်္ဘောတင်ပို့မှု၊ ရေနံ၊ ဒစ်ဂျစ်တယ်ငွေကြေး၊ ရွှေနှင့် လေကြောင်းကုန်သွယ်မှုတို့ ကို ချောမွေ့စေရန် ပါဝင်ဆောင်ရွက်နေသော နိုင်ငံနှင့်အဖွဲ့အစည်းများကို ပစ်မှတ်ထားမည်ဟု ၎င်းကဆိုသည်။
အီရန်ဘဏ္ဍာရေးဝန်ကြီး အလီ မာဒါနီဇာဒက်က အီရန်အစိုးရအနေဖြင့် ပိတ်ဆို့မှုများကို တန်ပြန်ရန် အပြည့်အဝ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပြီး ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်က အမေရိကန်၏ ခြိမ်းခြောက်မှုများကို ပယ်ချခဲ့ကြောင်းလည်း သိရသည်။
အီရန်၏ငွေကြေးသည် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်းသွားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်သည် ပြိုလဲနေသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် အီရန်နိုင်ငံသားများမှာ ငွေကြေးအရ ဒုက္ခရောက်နေသော်လည်း စီးပွားရေး ထိခိုက်မှုက ၎င်းတို့နိုင်ငံအတွက် မထူးဆန်းတော့ဟုပင် ဆိုရမည်ဖြစ်သည်။
ပါကစ္စတန် တပ်မတော်အကြီးအကဲကလည်း အီရန်ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် အပါအဝင် အီရန်တာဝန်ရှိခေါင်းဆောင်များနှင့် တီဟီရန်တွင် ဩဂုတ် ၂၄ ရက်က တွေ့ဆုံခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ အိုမန်နိုင်ငံခြားရေးဝန်ကြီးသည် လည်း ဟော်မုဇ်ရေလက်ကြား ဆိုင်ရာ ဆွေးနွေးမှုများအတွက် ဩဂုတ် ၂၅ ရက်တွင် အီရန်သို့သွားရောက်မည်ဟု သိရသည်။
Ref- CNN
