၂၅.၈.၂၀၂၆
Written By Thandar
စေတော်ဝင် ရုပ်ရှင်ထုတ်လုပ်ရေးက နာမည်ကြီးအနုပညာရှင်တွေနဲ့အတူ “D.N.A မျိုးရိုးဗီဇ”ဇာတ်ကားနဲ့ “The Girl In Painting ပန်းချီ ကားထဲကမိန်းကလေး” ရုပ်ရှင်ဇာတ်ကားနှစ်ကား စတင်ရိုက်ကူးသွားမယ့် အကြောင်း စာနယ်ဇင်းအခမ်းအနားကို ဩဂုတ်လ ၂၄ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့ Taw Win Garden Hotel မှာ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို အကယ်ဒမီ ငြိမ်းမင်း၊ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ရန်အောင်၊ လွင်မိုး၊ နေတိုး၊ မင်းဦး၊ ကျော်ကျော်ဗိုလ်၊ ဖူးစုံ၊ မယ်လိုဒီ၊ ကလေးသရုပ်ဆောင် Yuki Lay စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော့်အနေနဲ့ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်မယ့် ကာရိုက်တာတွေကို ရွေးချယ်ပြီးမှ ပရိသတ်ကို မိတ်ဆက်တာပါ။ သူတို့ကြည့်ဖူးတဲ့ကားတွေနဲ့ တူမှာ မဟုတ်ပါဘူး။ ရသတစ်ခုခုကို ခံစားရမှာပါ။ ပရိသတ်တွေကို ကြည့်ပြီးတော့ Entertainment ဖြစ်ပြီးတော့ ကျေနပ်မှုကိုခံစားရမယ်၊ Message တစ်ခုအနေနဲ့ ထူးထူးခြားခြား ဖြစ်လာပါလိမ့်မယ်။ ရုပ်ရှင်တစ်ကားဖြစ်ရင်ပြီးရော သဘောမဟုတ်ဘဲ မင်းသား၊ မင်းသမီးတွေသုံးထားပြီးတော့ ကြည့်လိုက်ရင်ပဲ သိသာပါတယ်။ ဧည့်သည်သရုပ်ဆောင်မှာလည်း အကယ်ဒမီမို့မို့မြင့်အောင်ပါတယ်။ နောက် ကျော်ကျော်ဗိုလ်နဲ့ အေးမြတ်သူလည်း ပါပါသေးတယ်။ အင်အားကောင်းတဲ့ အနုပညာရှင်တွေ ပူးပေါင်းပါဝင်တဲ့ကားကောင်းတစ်ကား D.N.A ဖြစ်မယ်လို့ပြောချင်ပါတယ် ”လို့ ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောပါတယ်။
မဝတ်ရည်စီစဉ်ထားတဲ့ ပွဲဦးထွက်ရိုက်ကူးမယ့် D.N.A မျိုးရိုးဗီဇ ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က သရုပ်ဆောင်ဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်၊ အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ နေတိုး၊ ဖူးစုံ၊ အကယ်ဒမီ မယ်လိုဒီ၊ အကယ်ဒမီ အေးမြတ်သူ၊ အထူးဧည့်သည်သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်၊ အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ ကလေးသရုပ်ဆောင် ယူကီ၊ ချောမေချစ်၊ စောပြည့်ညိုတို့ပါဝင်ထားကြမှာဖြစ်ပါတယ်။
The Girl In Painting “ပန်းချီကားထဲကမိန်းကလေး” ရုပ်ရှင်ဇာတ်ကားကို ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာစစ်ဟန်က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေတိုး၊ အကယ်ဒမီမင်းဦး၊ အကယ်ဒမီ ကျော်ကျော်ဗိုလ်တို့က ခေါင်းဆောင်ပါဝင်ပြီး မင်သမီးနေရာကိုတော့ ရွေးချယ်နေဆဲဖြစ်ပါတယ်။
#ရန်အောင် #လွင်မိုး #နေတိုး #မင်းဦး #ကျော်ကျော်ဗိုလ် #မယ်လိုဒီ #ဖူးစုံ #YanAung #LwinMoe #NayToe #MinOo #KyawKyawBo #PhuSone #Melody #MaungMyoMin #DNA #TheGirlInPainting
#STW #SayTawWinProduction #မျိုးရိုးဗီဇ











