၂၃.၈.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်တွင် သြဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်တို့၌ ဆယ်ကျော်သက်လူငယ်နှစ်ဦး ရေနစ်သေဆုံးမှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ပထမဖြစ်စဉ်မှာ သြဂုတ်လ ၂၁ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာ၊ နန်းကွေ့ချောင်းတွင် အသက် ၁၉ နှစ်အရွယ် မောင်သူထူးစံဆိုသူမှာ ရေနစ်သေဆုံးခဲ့သဖြင့် မီးသတ်တပ်ဖွဲ့က ဆယ်ယူပေးခဲ့ရကြောင်း သိရသည်။




ဒုတိယဖြစ်စဉ်မှာ သြဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်က မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ လုံဂါပါရေဆိပ် ဧရာဝတီမြစ်ကမ်းဘေးတွင် အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးက သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးရာမှ မြစ်ကမ်းဘေးရေဝဲအတွင်း ရေနစ်ကာပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ရေနစ်ပျောက်ဆုံးသူကို ရှာဖွေကယ်ဆယ်ရေးစက်လှေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရှာဖွေခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိ ဆယ်ယူခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသူ၏ ရုပ်လောင်းကို Rest In Peace Group အသင်းယာဉ်ဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲဲ့ကြောင်း သိရသည်။
