သက်တံ့
၂၃. ၈. ၂၀၂၆
ပြည်သူချစ်သော အဆိုတော်ကြီး ကိုင်ဇာ၏ နောက်ဆုံးခရီးကို ဩဂုတ် ၂၄ ရက်တွင် ရေဝေး၌ ဂူသွင်း သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုတော် ကိုင်ဇာ (ခ) ဦးညီညီဝင်း၏ နောက်ဆုံးခရီးအဖြစ် ရေဝေးသုသာန်တွင် လာမည့် တနင်္လာနေ့ (၂၄. ၈. ၂၀၂၆) ရက် ညနေ ၃ နာရီအချိန် ခန်းမ(၁) ၌ ပြင်ဆင်ပြီး ညနေ ၄ နာရီတွင် ဂူသွင်း သင်္ဂြိုလ်မည်ဖြစ်ကာ နေအိမ် အခန်း C 314 သီရိကွန်ဒို ၉ မိုင် Ocean မှ
ညနေ ၂ နာရီခွဲအချိန်တွင် ကားများထွက်မည်ဖြစ်သည်ဟု သိရသည်။
အဆိုတော်ကိုင်ဇာသည် ဩဂုတ် ၂၁ ရက်က အဆုတ်ပိုးဝင်ရောဂါဖြင့် အရေးပေါ် ICU သို့ တင်ပို့ကုသမှု ခံယူခဲ့သော်လည်း သက်သာလာမှုမရှိဘဲ ဩဂုတ် ၂၂ ရက် ည ၇ နာရီခွဲခန့်အချိန်တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိနေပြီဖြစ်သည့် အဆိုတော်ကိုင်ဇာသည် ၁၉၇၀၊ ၁၉၈၀ ပြည့်နှစ်များတွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို မိုး၊ သီချင်းရှင်ကိုကြင်နာပါ၊ တူနှစ်ကိုယ်တိုင်းပြည်၊ မနိုးပါစေနဲ့မိုးရယ် စသည့် နာမည်ကျော် တေးသီချင်းများအပါအဝင် စီးရီးခွေ ၂၀ ကျော် ပြည်သူအတွက် ဖျော်ဖြေပေးခဲ့သည်။ (Photo – Zaw Myint)
