




၂၆.၆.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော Mobile Legends Tournament Esports Reality Show ဖြစ်တဲ့ “Zero to Hero Myanmar” အစီအစဉ်ကို မနက်ဖြန် ဇွန်လ ၂၇ ရက်နေ့မှာ Mahar Esports က စတင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
အဆိုပါပွဲအကြောင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ သာကေတမြို့ နယ်ရှိ Emerald Bay မှာ ကျင်းပခဲ့ပါတယ်။
“ဂိမ်းဝါသနာပါကြတဲ့ လူငယ်တွေအတွက် သူတို့ရဲ့ အိပ်မက်တွေကို Beginner ဘဝကနေ အခုလို လူ ပေါင်းထောင်ချီကြားထဲကနေ တက်လှမ်းလာနိုင်ခဲ့တဲ့ ကိုယ့်ရဲ့ အတွေ့အကြုံတွေနဲ့ ချပြမှာလည်းဖြစ်ပါ တယ်။ ခုလို လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ ဝါသနာကို အောင်မြင်မှုဖြစ်အောင် ဘယ်လို စိတ်ဓာတ်မျိုး ကြိုးစားရင် ကိုယ်တိုင် ဝါသနာရှင်ဘဝကနေ Professional Hero တစ်ယောက်ဖြစ်လာမှာလည်း ဖြစ်တယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်”လို့ အဆိုပါပွဲ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီအခမ်းအနားမှာ Game Streamer တွေ၊ Host တွေ၊ Coach တွေနဲ့ Game Player တွေဖြစ်ကြတဲ့ ဟိန်းသစ်စ၊ ဆုထက်၊ ချိုမဒီသွင်၊ ဟန်နီဇော်၊ ICE ICE၊ Lynn Daddy ၊ တေးရေး တေးဆို အဆိုတော်ကောင်းဆက်၊ ယမုံမေနဲ့ Mahar ဘက်က တာဝန်ရှိသူတွေများစွာ တက်ရောက်ခဲ့ကြပါတယ်။
