တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်မည့် USDP ၏ လူငယ်တွေ့ဆုံပွဲမြင်ကွင်း

၂၈. ၂. ၂၀၂၃
Written by Thuta Zaw

ရွေးကောက်ပွဲဝင်ရန်အတွက် လျှောက်ထားလာသည့် နိုင်ငံရေးပါတီ ၁၃ ပါတီ ရှိနေပြီဖြစ်ကာ အဆိုပါအထဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်မည့် ပါတီ ၅ ပါတီ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံက သိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)] တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဖေဖော်ဝါရီ ၂၇ ရက်တွင် လာရောက်လျှောက်ထားခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ထုတ်ပြန်ခဲ့ပြီးနောက် အထက်ပါ ၃ ပါတီ အပါအဝင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ပါတီတည်ထောင်လိုကြောင်း လျှောက်ထားသော ပါတီ ၄ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသော ပါတီ ၉ ပါတီ စုစုပေါင်း ၁၃ ပါတီ ဖြစ်ကြောင်း သိရသည်။

ယင်း ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၈ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှောက်ထားခဲ့သော ပါတီများထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ နှင့် အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY) စသည်ဖြင့် ပါဝင်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News