ရန်ကုန်လေဆိပ်မြင်ကွင်း (Photo-Yangon International Airport)

၂၈. ၂. ၂၀၂၃
Written by Peya

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဝင်လမ်းတွင် အမျိုးသား ၂ ဦးထံက ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

ဖမ်းမိသူများမှာ PDF များ ဖြစ်သည်ဟု ကနဦးသိရပြီး အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်း ၆ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်လေဆိပ်အဝင်လမ်းပေါ့။ ဆယ်မိုင်ကုန်းက စစ်ဆေးရေးဂိတ်မှာ Hijet ကားနဲ့ပါလာတဲ့ အမျိုးသား ၂ ယောက်ကို လုံခြုံရေးတပ်ဖွဲ့က မသင်္ကာလို့ ကားပေါ်က ဆင်းခိုင်းတော့ သူတို့နှစ်ယောက်က ပါတဲ့ ကျောပိုးအိတ်ကိုပစ်ချပြီး ထွက်ပြေးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်ဖမ်းတာ မိတယ်။ ရန်ကုန်လေဆိပ်မှာ ဖောက်ခွဲမှုလုပ်ဖို့ လာတယ်လို့ ကျွန်တော်သိရပါတယ်” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

၎င်းတို့ ပစ်ချခဲ့သောအိတ်ကို စစ်ဆေးရာ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံး၊ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းသုံးလုံးနှင့် ကော်ဘူးဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံး စုစုပေါင်းငါးလုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News