၂၈. ၂. ၂၀၂၃
Written by Pan Ei

ဆွစ်ဇာလန်အခြေစိုက် စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Nestle သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းရန် စီစဉ်နေပြီး ထွက်မည့်အချိန်အတိအကျကိုမူ မသိရသေးကြောင်း နိုင်ငံခြားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Nestle ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “လက်ရှိစီးပွားရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ Nestleရဲ့စက်ရုံနဲ့ ရုံးချုပ်တို့ကို လည်ပတ်မှု ရပ်ဆိုင်းတော့မယ်” ဟု ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့ပြီး Nestle သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ်နေသည့် နောက်ဆုံးသော ပြည်ပကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

Nestle သည် မြန်မာနိုင်ငံတွင် အသင့်သောက်သုံးနိုင်သော Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲနှင့် Milo ချောကလက်ဖျော်ရည်များကို ဖြန်ဖြူးရောင်းချပေးနေသော ကုမ္ပဏီဖြစ်ပြီး ယင်းအစား ယခုအခါတွင် ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ Nestle ထုတ်ကုန်များကို မြန်မာကုမ္ပဏီတစ်ခုမှ စျေးကွက်အတွင်းသို့ ချဲ့ထွင်ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကုမ္ပဏီသည် ထိုကဲ့သို့သော ဆုံးဖြတ်ချက်ကြောင့် ထိခိုက်နစ်နာရသူတိုင်းကို ပံ့ပိုးကူညီရန် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မကြာသေးမီက ရေနံကုမ္ပဏီကြီး Total Energies၊ Chevron နှင့် Telenor ကဲ့သို့သော နိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့မှုများ ရှိခဲ့သည်။

Ref; Vietnam

Leave a Reply

Your email address will not be published. Required fields are marked *

Related News