၁၈.၃.၂၀၂၆
Photo by NYL
တတိယအကြိမ် အမျိုးသားလွှတ်တော်သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းဒွေး၊ ဦးမြင့်ကြိုင်၊ ဒေါ်ဒွဲဘူတို့ ယနေ့ နံနက် ၉ နာရီခွဲတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမှုအပြင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကိုရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး လူမှုကွန်ရက်တွင် ပျံ့နှံနေသော သတင်းများအရ ဦးအောင်လင်းဒွေးသည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရဖွယ်ရှိသူဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။








