၁၈.၃.၂၀၂၆
Photo by Nay Yaung Lin
ယနေ့ စတင်ကျင်းပမည့် တတိယအကြိမ် အမျိုးသားလွှတ်တော်သို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ နံနက် ၉ နာရီခန့်တွင် စတင်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယခု မတ် ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမှုအပြင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကိုရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။
















