၁၈.၃.၂၀၂၆
Written By Thandar
စပါကလင်အချစ်နဲ့ ပရိသတ်အားပေးမှုနဲ့ ပိုမိုရရှိလာတဲ့ တေးသံရှင် မေမဒီရဲ့ ကိုယ်ပိုင်ရေးထားတဲ့ Own Tune “ပက်” သင်္ကြန်သီချင်းကို သိန်း၂၀၀ လောက် အကုန်ခံပြီး အကောင်းဆုံး ကြိုးစားဖန်တီးထားတာမို့ ထွက်လာရင်အားပေးကြပါလို့ ဖွင့်ဟလာပါတယ်။
“တကယ်တော့ ဒီသီချင်းလေးကို ညီမတို့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လုပ်ထားကြတာပါ။ သူငယ်ချင်းတွေက ညပိုင်း DJ, EDM တီးကြဆိုကြတော့ နေ့ခင်းမှာ ရိုက်ကူးရေးလုပ်ခိုင်းတာ နေအပူရှိန်ကြောင့် ရူးခါနေရောပေါ့နော်။ ဆိုအောင်ပက် သီချင်းကို စ,တည်လိုက်ကတည်းက အလွဲလေးတွေဖြစ်တယ် ဖိနပ်တွေ ပြတ်တာလည်းရှိတယ်။ Night Life လူတွေရော သင်္ကြန်မှာ အရမ်းကဲကြမယ့် ဘော်ဒါတွေအတွက် အကောင်းဆုံး လုပ်ထားပါတယ်။ ဒီသင်္ကြန်သီချင်းလေးကို သိန်း ၂၀၀ လောက် အကုန်ခံပြီးတော့ ဖန်တီးထားတာပါ။ အရှေ့သီချင်းတွေ လုပ်တုန်းကလည်းကုန်တာမို့ ကိုယ့် Investment ကများပါတယ်။ ပရိသတ်တွေ အကုန်လုံး ဆိုအောင်ပက် သီချင်းလေး ထွက်လာရင်လည်း အားပေးကြလို့ပြောချင်ပါတယ်”လို့ တေးသံရှင် မေမဒီကပြောပါတယ်။
အဆိုပါ တေးသီချင်းကို Soul Shaker DJ အဖွဲ့နဲ့ Collab လုပ်ထားပြီး ကြိုးစားဖန်တီးထားတယ်လို့ ဆိုပါတယ်။ မေမဒီကတော့ “ချမ်းပါတယ်” သီချင်းဟောင်းလေးကိုလည်း Version အသစ်နဲ့ထွက်ရှိထားပြီး မနှစ်က “ဖြူနီပြာဝါ”သင်္ကြန်သီချင်းလေးကို ဖန်တီးထားသူလည်းဖြစ်ပါတယ်။
မကြာခင်မှာလည်း ကိုယ်တိုင်ရေးထားတဲ့ တေးသီချင်းအသစ်တွေအပြင် သီချင်းတွေထွက်ရှိလာဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
#မေမဒီ #MayMadi #MyanmarSinger #SoulShaker #DJ #Collab #ပက် #ချမ်းပါတယ် #သိန်း၂၀၀




