၈.၁.၂၀၂၆
Written By Thandar
Mahar Original Series ဖြစ်တဲ့ လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “အငြိုး”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ Sedona Hotel မှာကျင်းပရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ အငြိုးဇာတ်လမ်းတွဲကို ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို မိတ်ဆက်ခဲ့ပြီး တေးရေး ထက်မြက်၊ ရကောက် ရေးသားထားတဲ့ အငြိုး ဇာတ်ဝင်တေးကို သရုပ်ဆောင် မင်းဘုန်းမြတ်၊ အကယ်ဒမီ မေမြင့်မိုရ်၊ ဝေလာရီတို့က ပရိသတ်များရှေ့မှောက် သီဆိုခဲ့ကြပါတယ်။
“အငြိုး ဇာတ်လမ်းတွဲက လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ။ နောက်ဇာတ်ဝင်တေးကို ကျွန်တော်တို့ အနုပညာရှင်မောင်နှမတွေဖြစ်တဲ့ မေလေး@မေမြင့်မိုရ်၊ ဝေလာရီ၊ စိုင်းစည်တွမ်ခမ်းတို့ အတူ သီဆိုထားကြပါတယ်။ အရင်ဇာတ်လမ်းတွဲတွေနဲ့ မတူဘဲ ကျွန်တော်တို့ကိုယ်တိုင်အငြိုး ဇာတ်လမ်းတွဲထဲမှာ ဇာတ်ဝင်တေးကို သီဆိုထားတာက ထူးခြားပါတယ်။ အငြိုး ဇာတ်လမ်းတွဲလေး Mahar Application က အပိုင်း ၅ အထိ ပြသနေပါပြီ။ ဒီဇာတ်လမ်းတွဲမှာ ရသမျိုးစုံခံစားရမှာလည်းဖြစ်တာမို့ အားပေးကြပါလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မင်းဘုန်းမြတ်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဝတ္ထု သျှင်မ၊ ဇာတ်ညွှန်း ညမွှေးပန်း၊ မြသက်ချို၊ မုဒြာရေးသားပြီး ဒါရိုက်တာ ပြည့်ဖြိုးနိုင်က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဘုန်းမြတ်၊ စိုင်းစည်တွမ်ခမ်း၊ သားညီ၊ ရဲလွင်ဦး၊ အကယ်ဒမီ မေမြင့်မိုရ်၊ ဝေလာရီ၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ KAI၊ ရဲထွဋ်မင်းခေါင်၊ ရဲမွန်၊ အကယ်ဒမီ ခင်မို့မို့အေး၊ ယွန်းဝင့်လွှာအောင်၊ သီင်္ဂီမြင့်၊ မြတ်အမရာ၊ ဧည့်သည် သရုပ်ဆောင် သုန္ဒြေဦးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
အငြိုး ဇာတ်လမ်းတွဲကို ဇန်နဝါရီ ၂ ရက်ကနေစတင်ပြီးတော့ အပတ်စဉ် တနင်္လာကနေ သောကြာအထိ နံနက် ၇ နာရီတိုင်းမှာ Mahar Applicationနဲ့ Mahar Channel လိုင်းက ညနေ ၆ နာရီမှာ ထုတ်လွှင့် ပြသနေလျက်ရှိပါတယ်။
#မေမြင့်မိုရ် #ဝေလာရီ #ယွန်းဝင့်လွှာအောင် #MayMyintMo #WaiLarRi #MinPhoneMyat #YoonWintHlwarAung #mahar #SaiSiTomKham #maharapplication #အငြိုး #မဟာနဲ့ဆိုဇိမ်ပဲ #MyanmarActor marCele #အငြိုးဇာတ်လမ်းတွဲ









