၇.၁၁.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျာကာတာမှာရှိတဲ့ ဗလီတစ်ခုမှာ ပေါက်ကွဲမှုကြောင့် လူ ၅၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
မြို့တော်ရဲ့ကျောင်းဝင်းတစ်ခုအတွင်းမှာ ရှိတဲ့အ ဆိုပါ ဗလီမှာ နိုဝင်ဘာလ ၇ ရက်က သောကြာနေ့ဝတ်ပြု ဆုတောင်းနေကြချိန် ပေါက်ကွဲမှုဖြစ်ပွား ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။
ဂျာကာတာမြောက်ပိုင်း၊ ကီလာပါ ဂါဒင်းခရိုင်ရှိ အဆိုပါ ဗလီအတွင်း ပေါက်ကွဲမှုမှာ လူအများအပြားကို ဆေးရုံကို ကားတွေနဲ့ ပို့ဆောင်ပေးခဲ့ရတာကို တွေ့ကြရပါတယ်။
မြို့တော်ရဲတပ်ဖွဲ့မှူး အာဆက် အီဒီ ဆူဟာရီက ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက ဒဏ်ရာရသူတွေမှာ အသေးအမွှားဒဏ်ရာရသူတွေကနေ ပြင်းထန်ဒဏ်ရာရသူတွေအထိ ပါတယ်လို့ ဆိုပါတယ်။
ဒေသခံသတင်းဌာနတွေက ကျောင်းတစ်ဝိုက်မှာ ရဲတပ်ဖွဲ့က တန်းစီစောင့်ကြပ်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ပြသခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဗလီမှာ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှု မရှိဘူးလို့ ပုံတွေအရ သိရပါတယ်။
Ref : Al Jazeera
