၁. ၁၀. ၂၀၂၅
Written by Mmak
◾ ယူနီယံစိန့် Vs နယူးကာဆယ်
ယူနီယံစိန့်က ပထမပွဲမှာ PSV ကို အဝေးကွင်းကနေ ဂိုးပြတ်အနိုင်ရခဲ့ပြီး နယူးကာဆယ်ကတော့ ဘာစီလိုနာကို ကပ်ရှုံးခဲ့ပါတယ်။ နယူးကာဆယ်အသင်းရဲ့ ခြေစွမ်းက အကျဘက်ရောက်နေတာကြောင့် ယုံစားလို့မရတဲ့ ခြေစွမ်းမျိုး ဖြစ်နေပါတယ်။ ယူနီယံစိန့်ကတော့ ဘယ်ဂျီယံလိဂ်မှာလည်း ခြေစွမ်းကောင်းနေသလို PSV နဲ့ကစားခဲ့တဲ့ပွဲမှာလည်း အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းမျိုး မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေးကို သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေးထားပါတယ်။ နယူးရဲ့ဘော်ဒီကြေးက အနည်းငယ်ပြင်းတယ်လို့ ပြောလို့ရပြီး ခြေစွမ်းကောင်းနေတဲ့အသင်းကို အဝေးကွင်းကနေ သရေအရှုံးပေးထားတယ်ဆိုတာ နယူးကာဆယ် ဂိုးရနိုင်တဲ့ ပေါက်ကြေးလို့ ပြောရမှာပါ။ အိမ်ရှင်ယူနီယံစိန့်ကလည်း တစ်ဂိုးရဖို့ သေချာနေသလို နယူးကာဆယ်လည်း ဂိုးရမယ် ထင်တာကြောင့် ဂိုးပေါ်ကို ပိုကြိုက်ပါတယ်။ အိမ်ရှင်ယူနီယံလည်း တစ်ဂိုးရမယ်လို့ ယူဆထားလို့ ယူနီယံစိန့်ဘော်ဒီကိုပါ တွဲကစားသင့်ပါတယ်။
◾ အာဆင်နယ် Vs အိုလံပီယာကော့စ်

အာဆင်နယ်က ပထမပွဲမှာ ဘီဘာအိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး အိုလံပီယာကော့စ်ကတော့ ပါဖို့စ်နဲ့ သရေကျခဲ့ပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေးနှစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ ဒီညကစားမဲ့ပွဲတွေမှာ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက အပြင်းဆုံးဖြစ်နေပေမဲ့ ဂိုးပေါင်းကြေးနဲ့ လုံးဝမမျှတပါဘူး။ အိုလံပီယာကော့စ်အနေနဲ့ အာဆင်နယ်ကွင်းမှာ ခံစစ်ပိတ်ကစားရုံကလွဲပြီး တစ်ဂိုးရဖို့တောင် မလွယ်ဘဲ အာဆင်နယ်တစ်သင်းတည်းရဲ့ သွင်းဂိုးကိုပဲ မြင်ရနိုင်ပါတယ်။ အာဆင်နယ်တစ်သင်းတည်းကနေလည်း လေးဂိုးလောက်ထိ သွင်းသွားမယ်လို့ မထင်ပါဘူး။ ဂိုးပေါင်းကြေးအရ အာဆင်နယ်အသင်း အနိုင်ရသွားပြီး ဂိုးအောက်မယ်လို့ ထင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ မိုနာကို Vs မန်စီးတီး
မိုနာကိုက ပထမပွဲမှာ ကလပ်ဘရုဂ်ကို ဂိုးပြတ်ရှုံးခဲ့သလို ခံစစ်က အရမ်းကိုပြဲဆင်းနေတာမျိုး တွေ့ခဲ့ရပြီး မန်စီးကတော့ နာပိုလီကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေးတစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ပေါက်ပါတယ်။ ပထမပွဲရှုံးထားတဲ့ အိမ်ရှင်မိုနာကိုအသင်း တစ်ဂိုးရမယ်လို့ ယူဆထားပြီး ခံစစ်ပြဲတဲ့အတွက် မန်စီးတီးအသင်းလည်း သေချာ ပေါက် ဂိုးရပါလိမ့်မယ်။ မနေ့ညက အသင်းကြီးတွေ အများစု အပေါ်စုံတွေ အောင်ခဲ့သလို ပွဲစဥ်-၂ ပဲ ရှိသေးတာကြောင့် ဒီညမှာတော့ အသင်းကြီး အများစု ကြေးအောင်သွားမယ်လို့ မထင်တော့ပါဘူး။ မိုနာကိုအသင်း တစ်ဂိုးရမယ်လို့ ယူဆထားတဲ့အတွက် အဝေးကွင်း မန်စီးတီးအသင်း သုံးဂိုးပြန်သွင်းမှ ကြေးအောင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်အောက်ကြေးနေရမဲ့ မိုနာကိုဘော်ဒီကို အကြိုက်တွေ့နေပြီး ဂိုးပေါ်ကို အနည်းငယ် ကာကစားမယ်ဆိုရင် အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှု အနေနဲ့ မိုနာကို ဘော်ဒီနဲ့ ဂိုးပေါ်ကို အနည်းငယ် ကြိုက်ပါတယ်။

◾ဘာစီလိုနာ Vs PSG
နှစ်သင်းလုံး ပထမပွဲတွေမှာ နိုင်ထားကြပြီး ခြေစွမ်းကောင်းနေတဲ့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုက ဒီညရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံးပွဲဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ဘာစီလိုနာအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ပေါက်ပါတယ်။ PSG တိုက်စစ်မှာ ဒမ်ဘီလီ၊ ဒူအီနဲ့ ကာဗာစတန်တို့လို ကစားသမားကောင်းတွေမပါသလို ခံစစ်မှာလည်း အသင်းခေါင်းဆောင် မာကွင့်ဟို့စ် မပါနိုင်ပါဘူး။ ဘာစီလိုနာအသင်းမှာတော့ အားထားရတဲ့ လူငယ်ကစားသမားလေး လမိုင်းယာမယ် ပြန်ကစားလာနိုင်တာကြောင့် ပိုကောင်းတဲ့ ဘာစီလိုနာတိုက်စစ်ကို မြင်တွေ့ရနိုင်ပါတယ်။ ဒီအတွက်ကြောင့် ဘာစီလိုနာအသင်းရဲ့ ဘော်ဒီကြေး ပြားသုံးဆယ်လောက် တက်လာတာကိုလည်း တွေ့ရပါတယ်။ တိုက်စစ်ချင်းယှဥ်ကစားလာနိုင်တဲ့ ဒီပွဲမှာ အိမ်ကွင်းလည်း ဖြစ်သလို တိုက်စစ်ပိုင်းမှာ လူစုံလာတဲ့ ဘာစီလိုနာအသင်း အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဘော်ဒီကြေးတက်လာတဲ့ အနေအထားနဲ့ လူမစုံတဲ့ PSG ကြောင့် ဒီပွဲမှာ ဘာစီလိုနာအသင်းကို ကြိုက်ပါတယ်။
◾ဒေါ့မွန် Vs ဘီဘာအို
ဒေါ့မွန်က ပထမပွဲမှာ သရေကျခဲ့ပြီး ဘီဘာအိုက အာဆင်နယ်ကို ရှုံးခဲ့ပါတယ်။ ဘီဘာအိုအသင်း ခြေစွမ်းအရမ်းညံ့နေပြီး ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲဆက် နိုင်ပွဲမရထားဘဲ လေးပွဲရှုံးပြီး တစ်ပွဲသာ သရေကျခဲ့ပါတယ်။ ဒီပွဲစဥ်မှာ ဒေါ့မွန်အသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ပါတယ်။ အိမ်ရှင် ဒေါ့မွန်အနေနဲ့ ဒီကြေးပေးတာဟာ အနည်းငယ်ပျော့တယ်လို့ ယူဆထားပြီး ဂိုးပေါင်းကြေးကလည်း ပျော့ပျောင်းနေတာကြောင့် ဒီပေါက်ကြေးဟာ အထက်ကြေးတစ်ခုသာ အောင်နိုင်ပါတယ်။ ဒေါ့မွန်အသင်းအနေနဲ့ အနိုင်ရမယ်ဆိုရင် တစ်လုံး သုံးဆယ်စားလောက်ထိ ပေးရမှာဖြစ်ပြီး ဒီပေါက်ကြေးအရ သရေတစ်ပေါက် ရှိနေပါတယ်။ လူတိုင်းကြိုက်လာနိုင်တဲ့ ဒေါ့မွန်ဘော်ဒီကို ဆန့်ကျင်ထားချင်ပြီး အောက်အသင်း ဘီဘာအိုကို ကြိုက်ပါတယ်။

◾ဗီလာရီးရဲ Vs ဂျူဗင်တပ်
ဗီလာရီးရဲက ပထမပွဲမှာ စပါးကိုရှုံးခဲ့ပြီး ဂျူဗင်တပ်က သရေတစ်မှတ်ရခဲ့ပါတယ်။ ဒီရာသီမှာ ခြေစွမ်းကောင်းနေတာက ဂျူဗင်တပ်ဖြစ်ပြီး ပြိင်ပွဲစုံ နောက်ဆုံးခုနစ်ပွဲဆက် မရှုံးခဲ့ထားပါဘူး။ ဒီပွဲစဥ်မှာ ဗီလာရီးရဲအသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေးနှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဗီလာရီးရဲအသင်းအနေနဲ့ အိမ်ကွင်းဖြစ်နေလို့သာ ပြားငါးဆယ်လောက် ပေးထားတာဖြစ်ပြီး ပွဲချိန်နီးကပ်လာရင် ကြေးထပ်ကျလာနိုင်ပါသေးတယ်။ ဒီပေါက်ကြေးအရ ဗီလာရီးရဲအသင်း အနိုင်ရဖို့ခက်တယ်လို့ ယူဆထားပြီး ဂျူဗင်တပ်အသင်း အနိမ့်ဆုံးအနေနဲ့ သရေကျအောင် ကစားနိုင်တယ်လို့ ထင်ပါတယ်။ ဗီလာရီးရဲအသင်းက တိုက်စစ်အသားပေးတတ်တာကြောင့် ခံစစ်ပြဲနေတတ်ပြီး ဂျူဗင်တပ်အသင်းကတော့ ခံစစ်ကောင်းသလို တိုက်စစ်လည်း ကောင်းပါတယ်။ ဂျူဗင်တပ်အသင်း ဂိုးရနိုင်တယ်လို့ ယူဆထားသလို အောက်ကြေးနေရမှာဖြစ်တာကြောင့် ဂျူဗင်တပ် ဘော်ဒီကို ကြိုက်ပါတယ်။
