၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရက စက်တင်ဘာလ ၃၀ ရက်၊ ဒေသစံတော်ချိန် ည သန်းခေါင်ယံ (ဂရင်းနစ်စံတော်ချိန် အောက်တိုဘာလ ၁ ရက် နံနက် ၄ နာရီ) မှ စပြီးတော့ အမေရိကန်အစိုးရရဲ့ လုပ်ငန်းတချို့ကို ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
ခုလိုရပ်ဆိုင်းမှုက အစိုးရရဲ့ လုပ်ငန်းတချို့ ဆက်လက်မလည်ပတ်တော့ဘဲ ယာယီရပ်ဆိုင်းသွားစေမယ့်အပြင် သိန်းနဲ့ချီတဲ့ အစိုးရအလုပ်သမားတွေရဲ့ လစာတွေကိုလည်း ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ သိရပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်က အစိုးရဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် တာဝန်ကနေ ရပ်ဆိုင်းအနားပေးမှုကိုဆောင်ရွက်ဖို့ ရန်ပုံငွေထောက်ပံ့မှု ပြတ်တောက်သွားတာကို အသုံးပြုဆောင်ရွက်မယ်လို့လည်း ခြိမ်းခြောက်ပြောကြားထားပါတယ်။
အမေရိကန်ကွန်ဂရက်မှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် အမတ်တွေအနေနဲ့ အသုံးစရိတ်ဥပဒေကြမ်းအပေါ် သဘောတူညီမှု မရရှိဘဲ ဖြစ်နေခဲ့ကြပြီးနောက်မှာ ခုလို အစိုးရရဲ့ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းတဲ့အမိန့် ထွက်ပေါ်လာတာပါ။
အဓိကသဘောထားကွဲလွဲမှုက Obamacare လို့လည်း သိတဲ့ Affordable Care Act အက်ဥပဒေအတွက် ဆက်လက်ထောက်ပံ့မယ့် ရန်ပုံငွေ အသုံးစရိတ် အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအသုံးစရိတ်အပေါ် သဘောမတူညီနိုင်ဖြစ်နေကြတာလို့ သိရပါတယ်။
၂၀၁၈-၁၉ ခုနှစ်နောက်ပိုင်းမှာ အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမှုက ပထမဆုံးအကြိမ်လည်းဖြစ်ပြီး အမေရိကန်အစိုးရရဲ့ လုပ်ငန်းအားလုံးမဟုတ်ပေမယ့် တချို့က ဒီအမိန့်ကြောင့် ခေတ္တရပ်ဆိုင်းသွားကြမှာပါ။
သမ္မတဒေါ်နယ်ထရန့်ကတော့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်ထားမှု မပြုနိုင်တော့တဲ့ အစုလိုက် အပြုံလိုက် အလုပ်ထုတ်ပစ်တာကို ပြုလုပ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အစိုးရဝန်ထမ်းတွေကတော့ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေကြမှာ ဖြစ်ပေမယ့် သူတို့ထဲက တချို့က လစာရကြမှာမဟုတ်ပါဘူး။ ကျန်တဲ့ ဝန်ထမ်းတွေအနေနဲ့တော့ လစာမဲ့ခွင့်နဲ့ အလုပ်က ရပ်နားနေရမှာပါ။
Ref- Al Jazeera, BBC
