





၂၈.၉.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရဲ့ အခမ်းနားဆုံး Bazzar & Runway Culture Vol.2 ပွဲကြီးရဲ့ Fashion Show ပွဲနဲ့ ဈေးပွဲတော်ကြီးကို လာမယ့် အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ ၂ ရက်တိုင်တိုင် ရန်ကုန်မြို့ Sedona Hotel မှာ နာမည်ကြီးအနုပညာရှင်တွေနဲ့အတူ ကျင်းပမှာဖြစ်ပါတယ်။
ဒီ Fashion Show ပွဲ Press Conference ပွဲကို စက်တင်ဘာ ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။
“မိုးရာသီကာလလေးမှာ Indoor Fashion Show Round လေးတွေ လုပ်ဖြစ်တာပါ။ ခုက ဒုတိယအကြိမ်ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ နာမည်ကြီး Fashion Designer တွေ ဖန်တီးထားတဲ့ Local Brand Entrepreneur တွေကို တစ်နေရာတည်းမှာမြင်နိုင်မှာလည်းဖြစ်ပါတယ်။ နောက်ထပ် အစပြုဖို့ကြိုးစားနေတဲ့ လူငယ်တွေက ပထမဆုံးအနေနဲ့ ကြိုးစားမှုတွေ ချပြနိုင်မယ့် ပွဲလည်းဖြစ်ပါတယ်။ မြန်မာပြည်က ထုတ်ကုန် အစားအသောက်တွေရော လက်ဝတ်ရတနာတွေပါ ထည့်သွင်းချပြမှာပါ “လို့ အဆိုပါပွဲတာဝန်ရှိသူကပြောပါတယ်။
အဆိုပါ Fashion Show ပွဲနဲ့ ဈေးပွဲတော်ကြီးကို နံနက် ၁၁ နာရီကနေ ည ၇ နာရီအထိ ရန်ကုန်မြို့ Sedona Hotel မှာ နာမည်ကြီး အနုပညာရှင်တွေ မော်ဒယ်လ်တွေနဲ့အတူ လှပကျော့ရှင်းတဲ့ဖက်ရှင်အလန်းစားတွေ Runway လျှောက်ပြသွားမှာလည်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၂၀နီးပါး ခင်းကျင်းပြသမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း Bazzar & Runway Culture Vol.1ကို တစ်ကြိမ် ပြုလုပ်ခဲ့တာလည်းဖြစ်တယ်လို့ သိရပါတယ်။
Fashion Show ပွဲနဲ့ ဈေးပွဲတော်ကြီးကို မြင်ကွင်းပုံရိပ်တွေကို Hey Play နဲ့ HTV Channelတို့က Live ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
