၂၈. ၉. ၂၀၂၅
Written by Mmak
◾ဘရန့်ဖို့ 3-1 မန်ယူ
- သီယာဂို 8′,20′
- ဂျန်ဆန် 90+5′
- ဆက်ဆ်ကို 26′
◾ပဲလေ့စ် 2-1 လီဗာပူး
- ဆား 9′
- အန်ကီတာ့ 90+7′
- ချီယေဇာ 87′
◾ချဲလ်ဆီး 1-3 ဘရိုက်တန်
- ဖာနန်ဒက် 24′
- ဝဲဘတ် 77′,90+10′
- ဒီစိုင်ပါ 90+2′
◾မန်စီးတီး 5-1 ဘန်လေ
- အတ်စတိတ် 12′(OG),65′(OG)
- နူနက် 61′
- ဟာလန်း 90′, 90+3′
- အန်သိုနီ 38′
◾စပါး 1-1 ဝုဗ်
- ပေါ်လင်ညာ 90+4′
- ဘူရီနို 54′
◾နော်တင်ဟန် 0-1 ဆန်းဒါးလန်း
- အဒါရီတီ 38′






◾ဘရန့်ဖို့အသင်းက ပထမပိုင်းမှာ ခြေစွမ်းပိုကောင်းခဲ့ပြီး နှစ်ဂိုးတစ်ဂိုးနဲ့ ဦးဆောင်ထားခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ်ခုနစ်ဆယ်ကျော်မှာ မန်ယူအသင်း ပင်နယ်လ်တီရခဲ့ပေမဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်က ဂိုးရအောင် မသွင်းနိုင်ခဲ့တာကြောင့် သရေကျမဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ နာကျင်အချိန်ပိုမှာ ဘရန့်ဖို့ ကွင်းလယ်လူ ယန်ဆန်က အနိုင်သေချာစေမဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူသွားတာကြောင့် ဘရန့်ဖို့အသင်းက သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရသွားပြီး ဘရန့်ဖို့ဘော်ဒီရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။ လီဗာပူးပွဲမှာဆိုရင်လည်း ပွဲအစကိုးမိနစ်မှာတင် ပဲလေ့စ်အသင်း ဂိုးစရခဲ့သလို လီဗာပူးဂိုးသမား လက်စွမ်းပြနေတာကြောင့်သာ ဂိုးပြတ်အသွင်းခံရမဲ့အရေးကနေ ရှောင်ရှားနိုင်ခဲ့တာပါ။ မိနစ်ရှစ်ဆယ်ကျော်မှာ လူစားဝင်ကစားသမား ချီယေဇာက ချေပဂိုး သွင်းပေးခဲ့ပေမဲ့ အချိန်ပို နောက်ဆုံးမိနစ်မှာ ပဲလေ့စ်အသင်းက အနိုင်ဂိုးရသွားခဲ့တာကြောင့် နှစ်ဂိုးတစ်ဂိုးနဲ့ လီဗာပူးအသင်း ရှုံးခဲ့ပေမဲ့ ဂိုးပေါ်ရွေးချယ်ခဲ့တာကြောင့် ကံကောင်းတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကို ပထမဆုံးအနေနဲ့ ရှုံးပွဲရဲ့အရသာကို ပဲလေ့စ်အသင်းက မြည်းစမ်းခွင့် ပေးခဲ့သလို ပဲလေ့စ်အသင်းအတွက် ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲလို့ ပြောရမှာပါ။
အခြားခန့်မှန်းချက်တွေအဖြစ် ချဲလ်ဆီးအသင်းက မိနစ်နှစ်ဆယ်ကျော်မှာ ဦးဆောင်ဂိုးစရခဲ့ပြီး ပထမပိုင်းမှာ ခြေအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ်ငါးဆယ်ကျော်မှာ နောက်ခံလူ ချာလိုဘာ အနီကတ်နဲ့ အထုတ်ခံရပြီးနောက်ပိုင်းမှာ ဘရိုက်တန်အသင်းက သုံးဂိုးတောင် သွင်းယူသွားတာကြောင့် ချဲလ်ဆီးအသင်း ဂိုးပြတ်ရှုံးခဲ့ပြီး ဂိုးပေါ်ရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။ မန်စီးတီးအသင်းက ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေဖြစ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ လေးဂိုးအထိ ထပ်သွင်းခဲ့တာကြောင့် မန်စီးတီးအသင်းက ငါးဂိုးတစ်ဂိုးနဲ့ အနိုင်ရသွားပြီး ဂိုးအောက်ရွေးချယ်မှု မှားခဲ့ရသလို အိမ်ကွင်းမှာ ဆန်းဒါးလန်းအသင်းကို ရှုံးခဲ့တဲ့ ဖောရက်အသင်း ရွေးချယ်မှု မှားခဲ့ပေမဲ့ စပါးဂိုးအောက် ရွေးချယ်မှုက ပြန်လည် အနိုင်ရခဲ့ပါတယ်။
◾စနေညမှာ ခြောက်ပွဲရွေးချယ်ပေးခဲ့ပြီး လေးပွဲနိုင် နှစ်ပွဲရှုံးခဲ့ပါတယ်။ တနင်္ဂနွေညမှာလည်း နယူးကာဆယ်နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲစဥ်နဲ့ အခြားသော ပွဲစဥ်များစွာကို ရွေးချယ်သုံးသပ် ပေးသွားမှာ ဖြစ်ပါတယ်။
