၁.၉.၂၀၂၅
Written By Thandar
လူရွှင်တော်ကြီး သရုပ်ဆောင် ဦးတိမ်ညွန့်ရဲ့ ဇနီးဒေါ်ယုမိစံ၊ အသက် ၆၅ နှစ်ဟာ ဩဂုတ်လ ၃၁ ရက် ည ၁၀ နာရီခွဲက ၉၆ ပါးရောဂါနဲ့ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။
“အမေကြီးရဲ့ ကျန်းမာရေးက အသက်ရလာတော့ ကောင်းလိုက်မကောင်းလိုက်နဲ့ပါဘဲ။ မနေ့က တောင်ဒဂုံနေအိမ်မှာပဲ ညပိုင်းက ဆုံးသွားတာပါ”လို့ နီးစပ်သူတစ်ဦးက MT Entertainment ကို ပြောပါတယ်။
ဒေါ်ယုမိစံရဲ့ နာရေးကိုတော့ စက်တင်ဘာလ ၂ ရက် နံနက် ၁၁ နာရီမှာ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်၊ (၂၂) ရပ်ကွက်၊ ရတနာပုံ (၅) လမ်း နေအိမ်ကနေ ကားတွေထွက်ခွာပြီးတော့ ကျီစုသုသာန်မှာ သင်္ဂြိုဟ်သွားမှာလည်းဖြစ်ပါတယ်။
တောင်ဒဂုံအိမ်ရောင်းပြီးကတည်းက အိမ်ငှားဘဝနဲ့ နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြတဲ့ ဦးတိမ်ညွန့်တို့ မိသားစုဟာ ကိုဗစ်ကာလအတွင်း မွေးစားသားလေးက ပြည်ပနိုင်ငံကနေ အိမ်တစ်လုံးဝယ်ပေးခဲ့တာအပြင် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က ဦးတိမ်ညွန့်ရဲ့ အသက် (၇၁) နှစ်ပြည့် မွေးနေ့ကိုလည်း ကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်။
လူရွှင်တော် ဦးတိမ်ညွှန့်နဲ့ ဒေါ်အေးမိစံတို့ကတော့ အိမ်ထောင်သက်တမ်းက ၄၅ နှစ် ပြည့်ခဲ့ပြီလည်းဖြစ်ပါတယ်။
#ဦးတိမ်ညွန့် #UTainNyunt
#ဒေါ်ယုမိစံ #DawAyeMi #ComedyComedain







