၂၅.၈.၂၀၂၅
Written By Thandar
မြန်မာ့ပိုက်ကျော်ခြင်း အားကစားဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသစ်များပေါ်ပေါက်စေရေး၊ ပိုက်ကျော်ခြင်းအားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရေးရည်ရွယ်ချက်နဲ့ ရွှေသံလွင်မီဒီယာ ရုပ်သံလိုင်းက ဒုတိယအကြိမ်ကျင်းပတဲ့ “၂၀၂၅ SKYNET ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး”မှာအမျိုးသားသုံးယောက်တွဲ ချန်ပီယံဆုကို လိပ်သုံးကောင်အသင်း၊ အမျိုးသမီးလေးယောက်တွဲ ချန်ပီယံဆုကို Apple အသင်းနဲ့ အမျိုးသားလေးယောက်တွဲ ချန်ပီယံဆုကို ဆယ်တဲဗိုလ်အသင်းတို့က ဆွတ်ခူးရရှိခဲ့ကြပါတယ်။
အဆိုပါ ပြိုင်ပွဲကြီးကိုတော့ ဩဂုတ် ၁၇ ရက်ကနေ ဩဂုတ် ၂၄ ရက်အထိ ၈ ရက်တိုင်တိုင် ညနေ ၆ နာရီမှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Hexagon Complex မှာ ကျင်းပခဲ့ရာမှာ 2025 SKYNET ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးရဲ့ ချန်ပီယံတွေ ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲမှာ နိုင်ငံတကာပိုက်ကျော်ခြင်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ဆုတံဆိပ်တွေ ဆွတ်ခူးရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်ကစားသမားတွေ၊ လူငယ်ပိုက်ကျော်ခြင်း ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဆုရရှိတဲ့ ချန်ပီယံတွေကို ဂုဏ်ပြုဆုငွေတွေကို Main Sponsor King of Bull၊ Official Watch Partner Cherry Oo နဲ့ SKYNET Application တို့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။
စုစုပေါင်း ဆုကြေးငွေ ကျပ်၂၂၀ အထိ ချီးမြှင့်မယ့်ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးမှာ ပြိုင်ပွဲအသီးသီးရဲ့ ဒုတိယဆုရှင်အနေနဲ့ ဒုတိယဆုတွေကို အမျိုးသားသုံးယောက်တွဲမှာ ပိုင်စိုး အသင်း၊ အမျိုးသမီးလေးယောက်တွဲမှာ USL အသင်း၊ အမျိုးသားလေးယောက်တွဲမှာ လိပ်သုံးကောင်အသင်း တို့က ရရှိခဲ့ကြပါတယ်။
#ပိုက်ကျော်ခြင်းပြိုင်ပွဲ #၂၀၂၅SkyNetပိုက်ကျော်ခြင်းပြိုင်ပွဲ
#SKYNET #ပက်ကျော်ခြင်း #ဆုကြေးသိန်း၂၂၀ #ShweThanLwinMedia #2025SKYNETပြိုင်ကျော်ခြင်းပြိုင်ပွဲကြီး
#2𝟬𝟮𝟱𝗦𝗞𝗬𝗡𝗘𝗧ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး














