




၂၄.၈.၂၀၂၅
Written By Thandar
ပရိသတ်အားပေးမှု များစွာရရှိခဲ့တဲ့ “ရေစက်တို့သည်လည်း တစ်ခါတစ်ရံ မဆုံဆည်းသာ” ဇာတ်လမ်းတွဲ Fan Meeting ပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ Kantharyar Shopping Center မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အကုန်လုံးက Team Work ကြောင့် ဇာတ်လမ်းက ပရိသတ်အကြိုက်တွေ့ခဲ့တာပါ။ ရန်ပယ်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ အားပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်”လို့ အကယ်ဒမီနေတိုးက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN)၊ အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အေးမြတ်သူ၊ နော်ဖောအယ်ထား၊ ခန့်ကျော်၊ သွန်းကြယ်စင် စတဲ့သူတွေတက်ရောက်ခဲ့ကြပါတယ်။
ဒီဇာတ်လမ်းတွဲထုတ်လွှင့်ချိန်မှာ တခဲနက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေက အနုပညာရှင်တွေနဲ့တွေ့ဆုံပြီး ပျော်ပျော်ပါးပါး ဂိမ်းတွေဆော့ကြပြီး အမှတ်တရဓာတ်ပုံလေးတွေ ရိုက်ကြပါတယ်။ ပွဲတက်ရောက်လာတဲ့ အနုပညာရှင်တွေက ပရိသတ်တွေကို FAN Sign လေးတွေ အမှတ်တရထိုးပေးကြပါတယ်။
