၂၂.၇.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၁) ရပ်ကွက်၊ ရတနာလမ်းတွင် ဇူလိုင်လ၂၁ ရက်၊ နေ့လယ် ၁ နာရီ ၁၂ မိနစ်ခန့်က ရေသန့်တင်ကားက အရှိန်မထိန်းနိုင်ဘဲ YBS- ၈၃ ယာဥ်ကို ဝင်တိုက်သဖြင့် ရေသန့်တင်ကားပေါ်မှ ယာဥ်မောင်းကားခေါင်းခန်းတွင် ညပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
အသက် ၃၃ နှစ်အရွယ် ယာဥ်မောင်းအမျိုးသားမောင်းနှင်လာသော ကန်တာ အမျိုးအစား ၆ ဘီးရေသန့်တင်ကားမှာ လမ်းမတော်မြို့နယ်ဘက်မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဘက်သို့ မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ အရှေ့ရှိ လားရာတူမောင်းနှင်နေသော YBS -၈၃ ခရီးသည်တင်ယာဥ်ကို အနောက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် ကားခေါင်းခန်းတွင် ညပ်နေသာ ရေသန့်တင်ကားမောင်းသူ အမျိုးသားကို မီးသတ်တပ်ဖွဲ့ဝင်များက ၆ မိနစ်ကြာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
“ရေသန့်တင်ကားက ယာဥ်မောင်းက ခြေထောက်ညပ်နေတာ ခဏပဲထုတ်လိုက်ရတယ်။ အသက်အန္တရာယ်တော့မရှိပါဘူး”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိသည့် အမျိုးသားကို သွေးဒါနမျိုးဆက်ပရဟိတအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်း စံပြပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။





