၁၆.၇.၂၀၂၅
Written By Thandar
Golden Heart Film Production က Comedy Horror ဇာတ်လမ်းပုံစံ “ရောင်ပြန်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က ဒီဇာတ်ကားထဲမှာ ပရဟိတလုပ်တယ်။ ပရဟိတလုပ်ရင်းကိုင်ရင်းနဲ့ သရဲသုံးယောက်နဲ့ သွားတိုးတယ်။ သူတို့က အကူအညီတောင်းတာကို ကျွန်တော်က ကူညီပေးရင်းနဲ့ အလွဲလေးတွေဖြစ်တဲ့ ဇာတ်လမ်းလေးပါ။ သရဲဆိုပေမယ့် ထိတ်လန့်ခြောက်လှန့်မယ့်ကား မဟုတ်ပါဘူး။ ဟာသဇာတ်လမ်းလေးမို့ ရုပ်ရှင်ပြသရင်လည်း လာရောက်အားပေးပါလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် နေဝင်းက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း) က ရေးသားပြီးတော့ ဒါရိုက်တာဝမ်းတွင်းက ရိုက်ကူးကာ သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီနေဝင်း၊ အကယ်ဒမီခြူးလေး၊ ခင်လှိုင်၊ နေဆန်း၊ မင်းသူ၊ ဇော်ဝင်းနိုင်(မန်း)၊ အောင်လေး၊ စစ်နိုင်၊ သံသာညီ၊ သွက်လက်၊ ဒိုပေါက်၊ ဖြိုးခန့် (ကလေးသရုပ်ဆောင်) စတဲ့ အနုပညာ ရှင်များစွာ ပါဝင်ထားကြပါတယ်။
“ရောင်ပြန်” ရုပ်ရှင်ဇာတ်ကားကြီး လာမယ့် ဇူလိုင် ၁၈ ရက်နေ့မှစတင်ပြီး မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#အကယ်ဒမီနေဝင်း #အကယ်ဒမီခြူးလေး #NayWin #ChueLay #ThantharNyi #AungLay #SittNaing #KhinHlaing #NaySan #Golden Heart Film Production #ရောင်ပြန်ရုပ်ရှင်ဇာတ်ကားကြီး







