April 24, 2024

၃၁. ၁. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသော မြန်မာဒုက္ခသည်များသည် ၎င်းတို့ကို ယူအေအီး၊ သြစတြေးလျ ၊ အမေရိကန်နိုင်ငံအပါအဝင် အခြားနိုင်ငံများကို ရွှေ့ပြောင်းသွားလာခွင့် ခွင့်ပြုပေးရန် ဒေလီမြို့ရှိ ဂျန်တာမန်တာတွင် ဇန်နဝါရီ ၃၀ ရက်က တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။

အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့ထွက်ပြေးခဲ့ပြီး မီဇိုရမ်ပြည်နယ်တွင် အခြေချနေထိုင်လျက်ရှိနေသည်။

ဆန္ဒပြပွဲတွင်ပါဝင်သော မီဇို ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ က ” သွေးမှာနယ်နမိတ်ကန့်သတ်ချက်မရှိပါဘူး။ ကျွန်တော်တို့ဟာ တစ်သံတည်းပါပဲ။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံမှာ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်မှု စတင်နေပါတယ်” ဟုပြောသည်။

အိန္ဒိယနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာဒုက္ခသည်အများစုသည် ချင်းပြည်နယ်မှဖြစ်ကြောင်း သိရသည်။

၎င်းက ” ကျွန်တော်တို့ဟာ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အတွင်းက လူမျိုးတွေနဲ့ ဘိုးဘေးတွေ တူညီမှုရှိသလို သမိုင်းကြောင်း၊ ယဉ်ကျေးမှုတွေလည်း တူညီမှုရှိပါတယ်။” ဟုဆိုသည်။

အဆိုပါ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများသည် မီဇို ရိုးရာအဝတ်စားများကို ဝတ်ဆင်ခဲ့ကြောင်းသိရသည်။ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူများသည် ချင်းပြည်နယ်မှနေရပ်စွန့်ခွာလာသူများသာမက မြန်မာနိုင်ငံပြည်မကြီးက လာရောက်နေထိုင်သူများလည်းပါဝင်ခဲ့ကြောင်းသိရသည်။

ဆန္ဒပြပွဲတွင်ပါဝင်သော မီဇို ကျောင်းသား သမဂ္ဂဥက္ကဋ္ဌက” အိန္ဒိယအစိုးရကနေ ကျွန်တော်တို့ကို ကူညီထောက်ပံ့ပေးစေလိုတယ်။ နိုင်ငံသားကတ်မရတဲ့အတွက် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အတွင်း ပိတ်မိနေသူများ ရှိနေတယ်” ဟုပြောသည်။

မြန်မာ ဆန္ဒပြအုပ်စုများသည် “ဒီမိုကရေစီကို ကယ်တင်ပေးပါ” ” မြန်မာဒီမိုကရေစီရေးကြိုးပမ်းမှုကို ထောက်ခံပေးပါ၊” “ပြည်ပထွက်ခွာခွင့် ခွင့်ပြုပေးပါ၊ ရွှေ့ပြောင်းသွားလာခွင့်ကို အားပေးထောက်ခံပါ “စသော စာသားများရေးသားထားသည့် ဗီနိုင်းများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်းသိရသည်။

ဒေလီမြို့ရှိ ဂျန်တာမန်တာတွင်ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် မြန်မာဒုက္ခသည် ၇၀ နီးပါးပါဝင်ခဲ့ပြီး ယင်းဆန္ဒပြပွဲသည် Kamla Nagar၊ Uttam Nagar နှင့် Vikaspuri သို့ပျံ့နှံ့သွားခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲတွင်ပါဝင်သူတစ်ဦးက” အိန္ဒိယနိုင်ငံကနေ အခြားနိုင်ငံကို ထွက်ခွာဖို့ အလွန်ခက်ခဲပါတယ်” ဟုဆိုသည်။

နွေဦးတော်လှန်ရေးအကြောင်းပြုကာ ဖွံ့ဖြိုးပြီးနိုင်ငံများကို ဒုက္ခသည်အဖြစ် ပြောင်းရွှေ့နိုင်ရန် အိပ်မက်မက်နေသော မြန်မာနိုင်ငံသားများက အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည်အဖြစ် ခိုလှုံနေကြပြီး ထိုင်းနိုင်ငံတွင်လည်း ထိုသို့သော တတိယနိုင်ငံအိပ်မက်မက်နေသူများက ဒုက္ခသည်အဖြစ် နိုင်ငံကြီးများသို့ ခိုလှုံခွင့်ရရန် ခွင့်ပြုချက်တောင်းခံစောင့်ဆိုင်းနေကြသည်။

ref- msn. news

Leave a Reply

Your email address will not be published. Required fields are marked *

Related News