




၁. ၆.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ အသံအားကောင်းကောင်းနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ အဆိုတော် နီနီခင်ဇော်ရဲ့ ၅ ခွေမြောက် Phoenix Album Launch နဲ့ Fan Meet & Greet ပွဲအခမ်းအနားကို မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကုန်မြို့ Time City Jewelry Mall, Indoor Promotion Area မှာ ကျင်းပခဲ့ပါတယ်။
“နီနီ့ရဲ့ Phoenix Album မှာ က ၂၀၁၉ ခုနှစ်ထဲက ပြင်ဆင်ခဲ့တဲ့ခွေပါ။ နီနီရဲ့ ဘဝ၊ ထူးခြားတဲ့ ခွေလေးပါ။ နီနီရဲ့ Phoenix က ကိုယ့်ရဲ့အသွေးအသားဖြစ်တယ်။ ကိုယ့်ရဲ့ ပြယုဂ်ဖြစ်တယ်။ ကိုယ့် Energy တွေစုပြီး ထည့်ထားတဲ့ ခွေပေါ့နော်။ ဒီ Energy အများကြီးပါပါတယ်။ ခု ၂၀၂၅ ခုနှစ် ပရိသတ်လက်ထဲကို ပေးအပ် တာလို့ ပြောလို့ရပါတယ်။ စိတ်တိုင်းအကျဆုံး သီချင်းတွေ ပါဝင်ပါတယ်။ Title သီချင်းကိုတော့ နီနီကိုယ်တိုင်ရေးထားတာပါ။ ဂုဏ်ဖော်ခဲ့တဲ့ စကားလုံးတွေ စာသားတွေပါဝင်ပါတယ် ”လို့ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ အနုပညာရှင်တွေဖြစ်တဲ့ အောင်ထက်၊ The Sai၊ ဟဲလေး၊ ဖြိုးပြည့်စုံ၊ ဒေါင်းဝေ၊ မိစန္ဒီ၊ ရေဗက္ကာဝင်း၊ ထက်အဉ္ဇာလီ၊ ဂျူဝယ်၊ ဇင်အောင်စတဲ့ သူတွေက အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
ဒီသီချင်းခွေမှာ တေးသီချင်း ၁၀ ပုဒ်ပါဝင်တာဖြစ်ပြီးတော့ တေးရေးဆရာ ရွှေဂျော်ဂျော်၊ အလင်း၊ နီနီခင်ဇော် စတဲ့သူတွေ ရေးသားပေးထားပါတယ်။
သူမကတော့ လာရောက်ကြတဲ့ ပရိသတ်တွေအတွက် တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ပြီး တီရှပ်တွေကို Limited လက်ဆောင် ပေးအပ်ခဲ့ပါတယ်။
