
၁. ၆.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ သစ္စာလမ်းရှိ နှစ်ထပ်နေအိမ်တစ်လုံးတွင်မေလ ၃၁ ရက် နံနက် ၆ နာရီ ၃၅ မိနစ်ခန့်က မီးပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်နှစ်လုံး မီးလောင်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်တွင် သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်းနှစ်ထပ်နေအိမ်၏ မီးပလပ်ခုံအပူလွန်ကဲရာမှ ကတ်ဆက်ဘောက်အဟောင်းနှင့် စက္ကူများပေါ် မီးပွားကျရာမှ စတင်လောင်ကျွမ်းခဲ့ပြီး မိနစ်၂၀ ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ်နှစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၁၀ စီး၊ ကွပ်ကဲမှုယာဥ် တစ်စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“အိမ်တွေက အပေါ်ထပ်တွေပဲလောင်သွားတာ။ လူထိခိုက်သေဆုံးမှု မရှိပါဘူး”ဟု မီးငြှိမ်းသတ်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
နေအိမ်နှစ်လုံးမီးလောင်မှုကြောင့် အသက် ၇၁ နှစ်အရွယ် ဦးတင်မြင့်ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ရန်ကင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
