



၂.၅.၂၀၂၅
Written By Zun
ဘန်ကောက်သို့ အလုပ်လုပ်ရန် ဟင်းသီးဟင်းရွက်ကားပေါ် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၄ ဦး ယနေ့ မေလ ၂ ရက်တွင် အဖမ်းခံရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ယင်း ၄ ဦးကို ယနေ့ မေလ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က မဲဆောက်၊ ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်တာ ဝန်ရှိသူများက တွေ့ရှိသောကြောင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
တာ့က်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပကျေးရွာရှိ ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ် ဖြတ်သန်း မောင်းနှင်လာသည့် ဟင်းသီးဟင်းရွက်တွေ တင်ဆောင်လာသော ကားတစ်စီးကို မသင်္ကာသောကြောင့် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က တားဆီးစစ်ဆေးစဉ် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား ၄ ဦးကို ယာဉ်မောင်းက ဝန်ဆောင်ခ ဘတ် ၂၀၀၀၀ ရရှိသဖြင့် ဘန်ကောက်မြို့ကို ပို့ဆောင်ရန် ထိုင်း-မြန်မာ နယ်စပ်၊ တာ့က်ခရိုင်၊ ဖိုးဖမြို့နယ်၊ ချောင်းခဲ့ပ်ကျေးရွာက တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသားအား မဲဆောက်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း ဒေသတွင်း သတင်းများက သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က မြန်မာနိုင်သား ၄ ဦးကို မဲဆောက် လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန၌ ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံဥဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
