နေမိုး
၂၇. ၁၀. ၂၀၂၆
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မရှင်နဲ့ တပ်ဖွဲ့က တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဝရမ်းထုတ်ပြန်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၇ ရက် ရက်စွဲနဲ့ ကြေညာထားပါတယ်။
ဖမ်းဝရမ်းထုတ်ခံရသူက တရုတ်နိုင်ငံသား အားချန် (ခ) Dao Junxiang ဖြစ်ပြီး၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ပူအာမြို့၊ မင်လျန်ခရိုင်၊ နာယွန်းမြို့နယ်၊ ပူအဲလမ်း အမှတ် (၂) တွင် နေထိုင်သူ တိုင်းလူမျိုးဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
SSPP/SSA ၏ ထုတ်ပြန်ချက်မှာ ဒီတရားခံကို တရုတ်အစိုးရအလိုရှိမှုအတွက် အစည်းအဝေးလုပ် ဖမ်းဝရမ်းထုတ်တာဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခံရသူကို ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
