




၁.၅.၂၀၂၅
Written By Zun
အလုပ်သမားအရေးဗန်းပြပြီး KNU/ KNLA နှင့် NUG-PDF ကို လက်နက်ထောက်ပို့လုပ်နေသည့် ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေအတွင်း ထာ့စိုင်မူ (၆)အိမ်အမှတ်တွင် ဖွင့်လှစ်ထားသော AAC ရုံးခန်း အသွင်ပြောင်း AAC ဂေဟာကို ထိုင်းအစိုးရတာဝန်ရှိသူများက ယနေ့ ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“ဒီကနေ့ Mayday နေ့မှာ (၁၀)နှစ်ကျော်အလုပ်သမားရေးအတွက် AAC ဂေဟာအတွင်း အခက်အခဲရှိလုပ်သားများ အခမဲ့ခိုလုံ၊ အခမဲ့ကျွေးမွေးနေတဲ့အဆောက်အဦကို ထိုင်းအစိုးရကဥပဒေနဲ့မညီဘူးအကြောင်းပြပြီး မြေပိုင်ရှင်ကိုဖိအားပေး အတင်းလာဖြိုနေကြတာကိုကြည့်ပြီးဘာပြောရမှန်းတောင်မသိတော့ဘူးဗျာ။ စိတ်ထဲတစ်မျိုးကြီးခံစားရတယ်”ဟု AAC- မဟာမိတ်အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက သူ၏ လူမှုကွန်ရက်တွင် ယနေ့ မေလ ၁ ရက်က ဖော်ပြထား သည်။
ခွင့်ပြုချက်မဲ့ ဆောက်ထားသော အဆိုပါမြေပေါ် PDF များအပါအဝင် လူရာချီစုဝေးရာနေရာ AAC ဂေဟာကို လုံး၀ အပြီးပိတ်သိမ်းရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေး ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် ACC ဂေဟာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများကို ဥပဒေကြောင်းအရ အယူခံတင်ထားခဲ့သော်လည်း ဧပြီလ ၂၂ ရက်တွင် သက်ဆိုင်ရာက အပြီးသတ်အမိန့် ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
AAC ရုံးခန်းကို ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ယခင်က ကူညီပေးနေသည်မှာ မှန်သော်လည်း ယခုတွင်မူ ထိုအရာကို ဗန်းပြပြီး KNU/ KNLA နှင့် NUG – PDF ကို လက်နက်ကိုင် ထောက်ပို့လုပ်နေသူ ကိုရဲမင်းက ဦးဆောင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
