၂၈.၄.၂၀၂၅
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ မွေးနေ့မှာ ချစ်သူကောင်မလေးက Surprise လေးလုပ်ပေးလို့ ပီတိဖြစ်ပျော်ရွှင်ခဲ့တာလည်းဖြစ်ပါတယ်။
“ချစ်တာကို ထုတ်မပြတတ်ဘူး။ ဒါပေမယ့်လည်း ဘာဖြစ်လာလဲဆိုတော့ နောက်ပိုင်းသိလာတာက ချစ်တဲ့စိတ်နဲ့ သူ့ဟာနဲ့သူ ထုတ်ပြတတ်လာတာတွေရှိတယ်။ ကိုယ်က ဘယ်လောက်ပဲ မထုတ်ပြတတ်တဲ့သူပဲဖြစ်ဖြစ် ချစ်တဲ့စိတ်တစ်ခု လေးစားစိတ်တစ်ခုနဲ့ ချစ်ကြောင်း ထုတ်ပြတတ်လာတာရှိတယ်”လို့ သရုပ်ဆောင် ညီထွဋ်ခေါင်က ရင်ဖွင့်လာပါတယ်။
သူ့ကတော့ မွေးနေ့မှာ ကိတ်မုန့်နဲ့ ပိုက်ဆံ လက်ဆောင်ပန်းစည်းတွေကို ယခုနှစ်မှ ရရှိဖူးခဲ့တာလို့လည်း ဆိုပါတယ်။ ညီထွဋ်ခေါင်ရဲ့ ဧပြီလ ၂၆ ရက်မှာကျရောက်တဲ့ မွေးနေ့မှာ လူအယောက် ၅၀၀ စာ စတုဒိသာအလှူတွေကိုလည်း လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
“Happy Birthday ချစ်သူလေး…။ အချစ်နှစ်ခုထပ်တူကျတဲ့အခါ အပြုံးတွေက သိပ်ကိုချိုမြိန်တယ်။ အမြဲပျော်အောင်ထားမယ့်သူမို့ တစ်သက်လုံးပါရမီဖြည့်ရင်း ရှိနေပါ့မယ် ကိုကို…။ မွေးနေ့မှစပြီး ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒပြည့်ဝပါစေ ချစ်သူလေးရေ “လို့ သရုပ်ဆောင် ညီထွဋ်ခေါင်ရဲ့ ချစ်သူ ရွှေစင်ထက်ဝင်းက ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။
သရုပ်ဆောင် ညီထွဋ်ခေါင်နဲ့ ချစ်သူကောင်မလေး ရွှေစင်ထက်ဝင်းတို့ရဲ့ မင်္ဂလာသတင်းကတော့ မကြာခင် ကြားရတော့မယ်လို့ ဆိုပါတယ်။
#ညီထွဋ်ခေါင် #NyiHtutKhaung
#MyanmarCele #myanmarcelebirthday
#BirthdaySurprise









