
၄.၂. ၂၀၂၅
Written by Nay Moe
မြိုင်မြို့နယ်ဘက်က ကျေးရွာတွေဆီ မနေ့က နယ်မြေရှင်းလင်းတဲ့ လုံခြုံရေးတပ်ဖွဲ့ဟာ PDF စခန်းတစ်ခုကို စစ်ကြောင်းထိုးချိန် ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မနေ့က ဇန်နဝါရီ ၃ ရက်မှာ မြိုင်၊ စက်မှု (၂) ကနေ ထွက်ခွာ ထိုးစစ် ဆင်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းဟာ နေ့လယ် ၁၂ နာရီခန့်မှာ
အညာမြေတပ်ပေါင်းစုရဲ့ စခန်းတစ်ခုဖြစ်တဲ့ Myaing Underground Defense Force(MUGDF) ရဲ့ စခန်းကို စီးနင်း မီးရှို့ဖျက်ဆီးလိုက်နိုင်တာဖြစ်ပါတယ်။

အဲဒီအချိန် MUGDF အဖွဲ့က မစ်ရှင်ထွက်နေချိန်ဖြစ်လို့ ကာကွယ်နိုင်မှုမရှိဘဲ စခန်းတစ်ခုလုံး ကျပ်သိန်း ၄၅၀ ဖိုးခန့် ဆုံးရှုံးသွားတယ် ဆိုပါတယ်။
စစ်ကြောင်းဟာ လက်ရှိအချိန်မှာ PDF တွေ ပျူစောထီးရွာလို့ သမုတ်ထားတဲ့ ပေါက်မြို့နယ်က ကုက္ကိုလ်စုရွာကို မြိုင်အနောက်တောင်ပိုင်းတစ်လျှောက် စစ်ကြောင်းထိုးရင်း ရောက်ရှိနေတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ဘိုဘိုသန့်စင်က သူ့လူမှုကွန်ရက်မှာ လှုံ့ဆော်သတိပေးထားပါတယ်။